အမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေးများ ဆက်တိုက် ကျဆင်းနေခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သန်းချီသော ပမာဏများဖြင့် အကြိမ်ကြိမ် ဝယ်ယူခဲ့ပြီးသည့်နောက်တွင်
ဒီဇင်ဘာလ ၁၄ ရက် တနင်္လာနေ့တွင် ထူးထူးခြားခြား ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာသိန်း ၃၀ ကို တစ်အမေရိကန်ဒေါ်လာ ပျမ်းမျှ ငွေလဲနှုန်း ၁၃၇၂.၂ ကျပ် ဖြင့် ရောင်းချခဲ့သည်။
ပြင်ပပေါက်ဈေးမှာ တစ်အမေရိကန်ဒေါ်လာလျှင် ကျပ် ၁၃၈၀ နှင့် ၁၃၉၀ ကြားတွင်ဖြစ်ကြောင်း သိရသည်။
Source: Central Bank Myanmar