'တစ်သက်မှာ တစ်ခါကြုံ' သြစတြေးလျမှာ ရွှေ ၂.၆ ကီလိုဂရမ်ပါရှိတဲ့ ကျောက်တုံးကို ရွှေရှာသူ ရရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အမည်မဖော်လိုသော အပျော်တမ်းရွှေရှာဖွေသူသည် ဩစတေးလျနိုင်ငံ ဗစ်တိုးရီးယားမှ “ရွှေတြိဂံ” တွင် ၄.၆ ကီလိုဂရမ်ရှိသော ကျောက်တုံးကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းကျောက်တုံးထဲတွင် ရွှေ ၂.၆ ကီလိုဂရမ်ပါရှိသည်။ ၎င်းရွှေပမာဏသည် ကာလတန်ဖိုး ဩစတေးလျဒေါ်လာ ၂၄၀,၀၀၀ ($161,000) ရှိပါသည်။
.
၎င်းက ဩစတေးလျဒေါ်လာ ၁,၂၀၀ ခန့်ဖြင့် ရောင်းချသည့် Minelab Equinox 800 သတ္တုရှာဖွေစက်ကို အသုံးပြုပြီး ရွှေရှာခဲ့ပါသည်။
.
Victoria မှ ရွေတြိဂံ Golden Triangle သည် ၁၈၀၀ ခုနှစ်များအတွင်းကတည်းက ရွှေရှာဖွေတွေ့ရှိမှုများကြောင့် လူသိများသည်။
.
၎င်းကျောက်တုံးကို ဗစ်တိုးရီးယားမှ ရွှေကုန်သည် Darren Kamp ထံ ပြသပြီး ကျောက်တုံးကို တန်ဖိုးဖြတ်ခိုင်းခဲ့ပါသည်။
.
ရွှေလုပ်ငန်းကဏ္ဍမှာ ၄၃ နှစ်ကြာ လုပ်ကိုင်ခဲ့သူ Mr Kamp က ကျောက်တုံးဟာ သူမြင်ဖူးသမျှတို့တွင် “အကြီးမားဆုံး ရွှေကျောက်တုံး” ဖြစ်ကြောင်း ပြောကြားသည်။
ဈေးနှုန်း သိရပြီးသောအခါ အဆိုပါ ကျောက်တုံးတွေ့ရှိသူက ကျောက်တုံးတစ်ဝက်ကိုသာ ယူဆောင်လာခဲ့ပြီး ကျန်တစ်ဝက်ကို အိမ်တွင်ထားခဲ့ကြောင်း ပြောကြားပါသည်။
.
၎င်းရွှေကျောက်တုံးကို Mr Kamp က ဝယ်ယူခဲ့ပါသည်။
Source straitstimes
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U