ရာသီခွင်အလိုက်လူပျိုကြီးအပျိုကြီးဖြစ်ေနရခြင်းအကြောင်းရင်းလေးတွေ

ရာသီခွင်အလိုက်လူပျိုကြီးအပျိုကြီးဖြစ်ေနရခြင်းအကြောင်းရင်းလေးတွေ google.com

၁။ မိဿရာသီဖွား (Aries )

 

မတ်လ (၂၁) မှဧပြီလ(၂ဝ) ရက်အတွငးေ်မွးဖွားသူများ

တခြားသူအပေါ်လွှမ်းမိုးချင်စိတ်ကလေးရှိပြီး ဆရာလုပ်ချင်သူပါ။ စိတ်လွတ်လွတ်လပ်လပ်နေရတာကိုကြိုက်တဲ့အတွက်နားလည်မှုတွေညှိယူရမယ့်အချစ်ေရးကိစ္စတွေကသင်နဲ့အံဝင်ခွင်ကျမဖြစ်ပါဘူး။ဒါကြောင့်အချစ်ရေးနဲ့သဟဇာတမဖြစ်တော့ဘဲတစ်ကိုယ်တည်းဖြစ်ေနတာပါ။

 

 

၂။ ပြိဿရာသီဖွား (Taurus )

 

ဧပြီ (၂၁) မှမေလ(၂၁) ရက်အတွင်းမွေးဖွားသူများ

ဘဝမှာ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုရှိခွင်ရဖို့သင့်ရဲ့နံပါတ်တစ်ဦးစားပေးဖြစ်ပါတယ်။ဒါကြောင့်သင့်အနာဂတ်ကိုလုံခြုံနွေးထွေးအောင်ကာကွယ်ပေးမယ့်ချစ်သူမျိုးဖြစ်မဖြစ်မေးခွန်းပေါင်းများစွာနဲ့အချိန်ယူလေ့ လာတတ်ပါတယ်။သင်ယူတဲ့အချိန်က ရှည်ကြာလွန်းတဲ့အတွက်မစောင့်နိုင်ကြတော့ဘဲသင်တစ်ကိုယ်တည်းဖြစ်ေနရတာပါ။

 

 

၃။ မေထုန်ရာသီဖွား (Gemini)

 

မေလ(၂၂)မှဇွန်လ (၂၁)အတွင်းမွေးဖွားသူများ

တစ်ခုခုဆိုရင်ဒွိဟစိတ်တွေနဲ့ဘာကိုရွေးချယ်ရမလဲ ဝေခွဲမရဖြစ်ေနတတ်သူပါ။ ဒါဟာသင့်ဘေးမှာရှိနေတဲ့သူတွေအတွက်တော့သင်ဘာကိုတကယ်လိုချင်မှန်းစဥ်းစားရခက်စေသလိုရေရှည်မှာသင်စိတ့်ကိုပျော်ရွှင်ေအာင်ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူးလို့ခံစားရစေပါတယ်။ ဒါနဲ့ပဲသင်တစ်ကိုယ်တည်းဖြစ်နေရတာပါ။

 

 

၎။ ကရကဋရာသီဖွား (Cancer)

 

ဇွန်လ (၂၂) ရက်မှဇူလိုငလ် (၂၃) ရက်အတွင်းမွေးဖွားသူများ

အစစအရာရာကို အလေးအနက်တွေးလွန်းတာကြောင့်သံသယစိတ်တွေများနေတတ်သူပါ။ သံသယစိတ်အလျောက်အမေးအမြန်းလဲ ထူမိတာကြောင့်တစ်ဖက်သားအတွက်သင်နံဘေးမှာရှိနေရတာမွန်းကြပ်စရာဖြစ် လာပါတယ်။ ဒါကြောင့်သင်တစ်ကိုယ်တည်းဖြစ်ေနရတာပါ။

 

 

၅။ သိဟ်ရာသီဖွား (Leo)

 

ဇူလိုင်လ(၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်းမွေးဖွားသူများ

ထက်မြက်သူဖြစ်ပြီးဘာပဲလုပ်လုပ်အကောင်းဆုံးဖြစ်အောင်လုပ်တတ်တဲ့သူပါ။ သင့်ဆီချဉ်းကပ်လာတဲ့သူတွေအပေါ်မှာလဲသင့်ထက်မြက်မှုအတိုင်းအတာနဲ့တွက်ဆပြီးစိတ်တိုင်းကျဖို့ခဲယဉ်းတာကြောင့်သင်တစ်ကိုယ်တည်းဖြစ်နေရတာပါ။

 

 

၆။ ကန်ရာသီဖွား (Virgo )

 

သြဂုတ်လ (၂၄) ရက်မှစက်တင်ဘာလ (၂၃) အတွငးေ်မွးဖွားသူများ

အတွေးခေါင်တတ်ပြီးစိတ်ပူပန်တတ်လွန်းသူဖြစ်ပါတယ်။ အစစအရာရာတွေးလွန်းတာကြောင့်တခြားသူတွေအနေနဲ့သင်နဲ့စကားပြောဆိုတဲ့အခါသင်ခံစားချက်ကိုမထိခိုက်အောင်သတိထားကြရပါတယ်။ ဒါကြောင်ပဲသင်ကိုချဥ်းကပ်လာတဲ့သူတွေနဲ့ဝေးကွာပြီးသင်တစ်ကိုယ်တည်းဖြစ်ေနရတာပါ။

 

 

၇။ တူရာသီဖွား (Libra)

 

စက်တင်ဘာ (၂၄) မှအောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

အားငယ်တတ်ပြီး သူတစ်ဖက်သားအပေါ်ပိုဦးစားပေးတတ်သူပါ။ ဖြစ်ချင်တာတွေကိုလည်းးမျိုသိပ်ထားတတ်တာကြောင့်တစ်ဖက်သားအနေနဲ့သင်ခံစားချက်ကို မြင်ဖို့ခက်ခဲပါတယ်။ ဒါကြောင့်သင်တစ်ကိုယ်တည်းဖြစ်နေရတာပါ။

 

 

၈။ ဗြိစ္ဆာရာသီဖွား (Scorpio)

 

အောက်တိုဘာ (၂၄) ရက်မှနိုဝင်ဘာလ (၂၂) ရက်အတွငးေ်မွးဖွားသူများ

ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီးမဟုတ်မခံသမားဖြစ်တာကြောင့်တော်ရုံလူကသင်နံဘေးမှာမနေနိုင်ပါဘူး။သင့်နံဘေးမှာရှိနေရင်သာယာနာပျော်ဖွယ်စကားထက်ပွင့်ပွင့်လင်းလင်းထောက်ပြတဲ့တုတ်ထိုးအိုးပေါက်စကားတွေကိုပဲ ကြားရနိုင်တာကြောင့်စိတ်ကူးယဉ်ရတဲ့အချစ်ေရးနဲ့အဆင်မပြေနိုင်ပါဘူး။ဒါကြောင့်သင်တစ်ကိုယ်တည်းဖြစ်နေရတာပါ။

 

 

၉။ ဓနုရာသီဖွား (Sagittarius )

 

နိုဝင်ဘာလ (၂၃) ရက်မှဒီဇင်ဘာ (၂၁) ရက်အတွငးေ်မွးဖွားသူများ

သင်ကလူကဲခတ်ကောင်းပြီးအကင်းပါးတဲ့သူပါ။ ခြေထောက်ဗွေပါသလားထင်ရလောက်အောင်တစနေရာတည်းမှာအခြေချထိုင်ရတဲ့အလုပ်မျိုးတွေကို ငြီးငွေ့တတ်သူဖြစ်တာကြောင့်သင့်ဘေးမှာနေရမယ့်သူအဖို့သင့်အပေါ်ယုံကြည်စိတ်ချဖို့တွေဝေစရာပါ။ ဒါကြောင့်သင်တစ်ကိုယ်တည်း ဖြစ်ေနရတာပါ။

 

 

၁ဝ။ မကာရ ရာသီဖွား (Capricorn)

 

ဒီဇင်ဘာ (၂၂) ရက်မှဇန်နဝါရီလ (၂ဝ) ရက်အတွငးေ်မွးဖွားသူများ

အလုပ်ကသင်ဘဝရဲ့ နံပါတ်တစ်ဦးစားပေးဖြစ်ပါတယ်။ အလုပ်ပဲခေါင်းထဲမှာရှိပြီးရည်မှန်း် ချက်ပြင်းထန်သူဖြစ်တာကြောင့်အချိန်ေပးရတဲ့အချစ်ေရးနဲ့ အံဝင်ခွင်ကျမဖြစ်ပါဘူး။ ဒါကြောင့်သင်တစ်ကိုယ်တည်းဖြစ်ေနရတာပါ။

 

 

၁၁။ ကုံရာသီဖွား (Aquarius )

 

ဇန်နဝါရီလ (၂၁)ရက်မှဖေဖော်ဝါရီ(၁၉) တွငးေ်မွးဖွားသူများ

စိတ်ခံစားချက်ကို အလေးထားပြီး စိတ်ချမ်းသာပျော်ရွှင်ဖို့ကဘဝရဲ့နံပါတ်တစ်လို့ခံယူထားတဲ့သူပါ။ ထိခိုက်နာကျင်စရာတွေကို ဝေးဝေးရှောင်တတ်သူဖြစ်တာကြောင့်ပြီးပြည့်စုံတဲ့အချစ်ေရးကိုစောင့်စားရင်းသင်တစ်ကိုယ်တည်းဖြစ်ေနရတာပါ။

 

 

၁၂။ မိန်ရာသီဖွား (Pisces )

 

ဖေဖော်ဝါရီလ (၂ဝ) ရက်မှမတ်လ(၂ဝ) ရက်အတွငးေ်မွးဖွားသူများ

ဖြစ်ချင်တာတွေများပြားပြီးရည်မှန်းချက်ကြီးသူဖြစ်ပါတယ်။ အချစ်ေရးနဲ့ပတ်သက်လာရင်သင်သတ်မှတ်ထားတဲ့စံနှုနးေ်တွကမြင့်လွန်းတာကြောင့်တော်ရုံလူတွေနဲ့အဆင်မပြေပါဘူး။ ဒါကြောင့်သင်တစ်ကိုယ်တည်းဖြစ်နေရတာပါ။

 

 

Credit;Gandawin Magazine

Read times Last modified on Tuesday, 18 September 2018 16:02
Rate this item
(1 Vote)