အချစ်ဆိုတာ ကိုယ့်ဘဝထဲဝင်လာပီဆိုတာနဲ့ သတိထားသင့်တဲ့အရာတစ်ခုပါ။ကိုယ့်မှာရှိနေတဲ့အရမ်းချစ်တဲ့စိတ်ကိုလျော့ပါ။
တတ်နိုင်သလောက်မျှော်လင့်ချက်မထားပါနဲ့၊ရယူပိုင်ဆိုင်ဖို့ပဲ မတွေးပါနဲ့၊သူ့ဘက်ကို့ဘက် စာနာပေးပါ။အချစ်နဲ့တွေ့ရင် အတ္တဆိုတာအမှန်တကယ်ရောက်လာမြဲပါပဲ။အဓိကကတော့ မျှော်လင့်ချက်မထားမိပါစေနဲ့…အချစ်ဆိုတာ ချစ်နေရုံနဲ့မပီးပါဘူး။
နားလည်မူ
ကိုယ့်ချစ်သူက ဘယ်လိုလူမျိုးလဲ ဆိုတာအရင်ဆုံးသိဖို့နားလညိဖို့ လိုအပ်ပါတယ်။ကိုယ့်စိတ်ကိုဦးစားပေးနေရင် အချစ်က ခိုင်မြဲမှာမဟုတ်ပါဘူး။သူ့ဘက်ကိုယ်ဘက်အခြေခံနားလည်မူလေးတွေ ပေါ့။နားဘည်မူဆိုတာသိပ်ကိုတန်ဖိုး ကြီးပါတယ်။
သစ္စာတရား
လက်တွဲ ခိုင်မြဲဖို့အခြေခံအကျဆုံးက သစ္စာ တရားပါပဲ။ချစ်ပါတယ်တဖွဖွပြောပီး သစ္စာမရှိရင်အလကားပဲ မဟုတ်ပါလား။
လေးစားမှူ
ယောက်ကျားလေးဖြစ်ဖြစ် မိန်းကလေး ဖြစ်ဖြစ် ချစ်သူတွေဖြစ်လာကြရင် အပြန်အလှန် လေးစားမှု ရှိသင့်ပါတယ်။လေးစားမှု ရှိတဲ့စုံတွဲက တယောက်ကိုတယောက် စော်ကားလေ့မရှိပါဘူး။ ရင်းနှီး မှုနဲ့မဆိုင် ပါဘူး ။လေးစားမှူပါ။
စာနာမှု
လူဆိုတာ အမြဲတမ်းအောင်မြင်မနေပါဘူး။ခက်ခဲနေတဲ့အခိုက်အတန့်မှာ ကိုယ့်ချစ်သူဆီက စာနာမှူ ကိုလူတိုင်းလိုချင်ကြပါတယ်။
ကြင်နာမှူ
ချိမြိန်တဲ့အချစ်တစ်ခုဖြစ်ဖို့  ကြင်နာမှု တွေမပါပဲမရပါဘူး။ကြည်နူးစရာတွေမျှဝေရင်း အချစ် ဆိုတာသက်သေပြဖို့ ကြင်နာ ခြင်းတွေလိုအပ်ပါတယ်။
စာနာမှူ
ကိုယ်တောင်သူ့ကိုဒီလိုဖြစ်စေချင်ရင် သူလည်းကိုယ့်ကို ဒီလိုဖြစ်စေချင်မှာပဲဆိုတဲ့စိတ် …ကိုယ်ခံစားရရင်လည်း သူရောခံစားနေရမလားဆိုတဲ့စိတ် ကိုယ်ချင်းစာ စိတ်လေးချစ်သူတိုင်းမှာ ထားသင့်ပါတယ်။
ခွင့်လွှတ်ခြင်း
လူဆိုတာ အမှားကျူးလွန်တတ်တဲ့ အမျိုးဖြစ်လို အမှားကင်းတဲ့သူရယ်မရှိတဲ့အတွက်ခွင့်လွှတ်ခြင်းနဲ့လည်းကင်းကွာလို့မရပါဘူး။အမှားကိုသိလို့ အမှန်ပြင်ချင်သူအတွက် ခွင့်လွှတ်ခြင်းကထိုက်တန်ပါတယ်။
မေတ္တာ တရား
အရေးကြီးဆုံးက မေတ္တာ တရား အရေးကြီးပါတယ်။မေတ္တာ တရားအခြေခံမရှိရင် လိုချင်တက်မက် မူချစ်ခြင်းဖြစ်သွားပါလိမ့်မယ်။ကိုယ်ချစ်ရတဲ့ချစ်သူအပေါ် အေးမြတဲ့ မေတ္တာ တရားလည်းပေးသင့်ပါတယ်။အားလုံးပဲအချစ်ရေးမှာ ကံကောင်းနိုင်ကြပါစေနော်။
Credit;ဆရာမ ကြာညိုသွယ်