ခေတ်အဆက်ဆက်ယောက္ခမနဲ့အဆင်ပြေတဲ့ချွေးမဆိုတာရှားပါတယ်နော်။ဒါပေမယ့်ဘဝမှာကံအကောင်းဆုံးမိန်းမဟာ ခင်ပွန်းအပြင်
ယောက္ခမရဲ့ချစ်ခြင်းမေတ္တာကိုရတဲ့ မိန်းကလေးဆိုတော့ ဒီနေ့မှာ Myanmar Wedding Guide ပရိတ်သတ်တွေအတွက်
ယောက္ခချစ်နည်းလေးတွေ ဝေမျှပေးချင်ပါတယ်နော်/
(၁)ယောက္ခမရှေ့မှာချစ်သူကိုအနိုင်မယူပါနဲ့။
ယောက္ခမရှေ့မှာကိုယ့်ခင်ပွန်းကိုတလေးတစားဆက်ဆံပေးတာကမိမိကိုယောက္ခမအချစ်ပိုစေမယ့်နည်းလမ်းကောင်းတစ်ခုပါနော်။
(၂) ယောက္ခမရဲ့ ကျန်းမာရေး လူမှုရေး အသေးစိတ်အစ ဂရုတစိုက် ရှိပေးပါ။
သူမရဲ့ချွေးမအနေနဲ့မဟုတ်ဘဲ သမီးရင်းတစ်ယောက်လို သူမအနားမှာနေပေးတာက သူမနဲ့ပိုမိုရင်းနှီးစေပါတယ်နော်။
(၃)သူမရဲ့မွေးနေ့(သို့)သီတင်းကျွတ်၊တန်ဆောင်တိုင်တွေဆိုသူမအတွက်အသုံးဝင်မယ့်လက်ဆောင်လေးတွေရွေးချယ်ဝယ်ကန်တော့ပါ။
(၄)မိမိဟာခင်ပွန်းအတွက်ပါရမီဖြည့်ဖက်ကောင်း၊ဇနီးကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာယောက္ခမကိုသက်သေပြပါ။
ခင်ပွန်းရဲ့အလုပ်နဲ့ပက်သက်ပြီးအကြံပေးကူညီတာမျိုးတွေ၊အိမ်မှုကိစ္စနိုင်နင်းတာမျိုးတွေကလည်း ယောက္ခရဲ့အထင်ကြီးမှုကိုရရှိစေပြီးမိမိကိုချစ်ခင်လာစေမှာပါနော်။
(၅)ယောက္ခမကိုမိမိရဲ့မိဘရင်းလိုချစ်ခင်လေးစားကြောင်းအပြောရောအလုပ်နဲ့ပါသက်သေပြပါ။သူမနာမကျန်းဖြစ်နေချိန်မှာ
သေချာဂရုစိုက်ပြုစုစောက်ရှောက်ပေးခြင်းအားဖြင့်လည်းသူမဟာဒုတိယအမေတစ်ယောက်ဖြစ်လာနိုင်မှာပါ။
တစ်ဦးမေတ္တာတစ်ဦးစေတနာဆိုသလို အရာအားလုံးကချစ်ခြင်းမေတ္တာပေါ်မှာပဲအခြေတည်တာကြောင့် စိတ်ရင်းစေတနာနဲ့ ပြုမူပြောဆိုဖို့သာအဓိကပါ။
အားလုံးပဲ ယောက္ခချစ်တဲ့ချွေးမလေးတွေဖြစ်ကြပါစေရှင်။
ေခတ္အဆက္ဆက္ေယာကၡမနဲ႔အဆင္ေျပတဲ့ေခၽြးမဆိုတာရွားပါတယ္ေနာ္။ဒါေပမယ့့္ဘဝမွာကံအေကာင္းဆံုးမိန္းမဟာ ခင္ပြန္းအျပင္
ေယာကၡမရဲ႕ခ်စ္ျခင္းေမတၱာကိုရတဲ့ မိန္းကေလးဆိုေတာ့ ဒီေန႔မွာ Myanmar Wedding Guide ပရိတ္သတ္ေတြအတြက္
ေယာကၡခ်စ္နည္းေလးေတြ ေဝမွ်ေပးခ်င္ပါတယ္ေနာ္/
(၁)ေယာကၡမေရွ႕မွာခ်စ္သူကိုအႏိုင္မယူပါနဲ႔။
ေယာကၡမေရွ႔မွာကိုယ့္ခင္ပြန္းကိုတေလးတစားဆက္ဆံေပးတာကမိမိကိုေယာကၡမအခ်စ္ပိုေစမယ့္နည္းလမ္းေကာင္းတစ္ခုပါေနာ္။
(၂) ေယာကၡမရဲ႕ က်န္းမာေရး လူမႈေရး အေသးစိတ္အစ ဂ႐ုတစိုက္ ႐ွိေပးပါ။
သူမရဲ႕ေခၽြးမအေနနဲ႔မဟုတ္ဘဲ သမီးရင္းတစ္ေယာက္လို သူမအနားမွာေနေပးတာက သူမနဲ႔ပိုမိုရင္းႏွီးေစပါတယ္ေနာ္။
(၃)သူမရဲ႕ေမြးေန႔(သို႕)သီတင္းကၽြတ္၊တန္ေဆာင္တိုင္ေတြဆိုသူမအတြက္အသံုးဝင္မယ့္လက္ေဆာင္ေလးေတြေရြးခ်ယ္ဝယ္ကန္ေတာ့ပါ။
(၄)မိမိဟာခင္ပြန္းအတြက္ပါရမီျဖည့္ဖက္ေကာင္း၊ဇနီးေကာင္းတစ္ေယာက္ျဖစ္တယ္ဆိုတာေယာကၡမကိုသက္ေသျပပါ။
ခင္ပြန္းရဲ႕အလုပ္နဲ႔ပက္သက္ၿပီးအၾကံေပးကူညီတာမ်ိဳးေတြ၊အိမ္မႈကိစၥႏိုင္နင္းတာမ်ိဳးေတြကလည္း ေယာကၡရဲ႕အထင္ႀကီးမႈကိုရရွိေစၿပီးမိမိကိုခ်စ္ခင္လာေစမွာပါေနာ္။
(၅)ေယာကၡမကိုမိမိရဲ႕မိဘရင္းလိုခ်စ္ခင္ေလးစားေၾကာင္းအေျပာေရာအလုပ္နဲ႔ပါသက္ေသျပပါ။သူမနာမက်န္းျဖစ္ေနခ်ိန္မွာ
ေသခ်ာဂရဳစိုက္ျပဳစုေစာက္ေရွာက္ေပးျခင္းအားျဖင့္လည္းသူမဟာဒုတိယအေမတစ္ေယာက္ျဖစ္လာႏိုင္မွာပါ။
တစ္ဦးေမတၱာတစ္ဦးေစတနာဆိုသလို အရာအားလံုးကခ်စ္ျခင္းေမတၱာေပၚမွာပဲအေျခတည္တာေၾကာင့္ စိတ္ရင္းေစတနာနဲ႔ ျပဳမူေျပာဆိုဖို႔သာအဓိကပါ။
အားလံုးပဲ ေယာကၡခ်စ္တဲ့ေခၽြးမေလးေတြျဖစ္ၾကပါေစရွင္။