- ခင်ပွန်းသည်က ဘာမဟုတ်တဲ့ကိစ္စအတွက်နဲ့ပတ်သက်ပြီး ဇနီးသည်
ခဏခဏစိတ်ကောက်တတ်တာမျိုးဆိုရင်လည်း ခင်ပွန်းသည်တွေက မကြိုက်ကြပါဘူး။
- ဆွေမျိုးသားချင်း၊ သူငယ်ချင်းများရှေ့တွင် ကိုယ့်ခင်ပွန်းသည်ရဲ့ အားနည်းချက်တွေကို ထုတ်ဖော်ပြောဆိုရင်လည်း ခင်ပွန်းသည်တွေက မကြိုက်ကြပါဘူး။
- ကိုယ့်ခင်ပွန်း ယောက်ျားလေးသူငယ်ချင်းပေါင်းဖော်တွေရဲ့အကြောင်းကို စိတ်ဝင်တစားရှိလွန်းရင်လည်း ခင်ပွန်းသည်တွေက မကြိုက်ကြပါဘူး။
- ခင်ပွန်းက သူဝယ်လာတဲ့ပစ္စည်းကို ကျေးဇူးမတင်ဘဲ အပြစ်ရှာပြောနေမယ်ဆိုရင်လည်း ခင်ပွန်းသည်တွေက မကြိုက်ကြပါဘူး။
- ခင်ပွန်းသည်ရဲ့ အ၀တ်အစားနဲ့ အလုပ်ကိစ္စ အသုံးအဆောင်ပစ္စည်းတွေကို စနစ်တကျမထားရင်လည်း ခင်ပွန်းသည်တွေက မကြိုက်ကြပါဘူး။
- ဇနီးသည်က အသေးအမွှားကိစ္စလေးကို ပုံကြီးချဲ့ပြီး ပြောဆိုစကားများရင်လည်း ခင်ပွန်းသည်တွေက မကြိုက်ကြပါဘူး။
- ဇနီးသည်က တစ်ခါတစ်လေရန်ဖြစ်လို့ စိတ်သဘောထားခြင်းမတိုက်ဆိုင်တာကို အကြောင်းပြုပြီး မိဘတွေကို ဆွဲထည့်ပြောတတ်ရင်လည်း ခင်ပွန်းသည်တွေက မကြိုက်ကြပါဘူး။