အချစ်ရေးအဆင်ပြေဖို့ အကြံပေးကြတဲ့ နည်းလမ်းပေါင်းများစွာထဲမှာ အရမ်းဂဂျီဂဂျောင်ကျပြီး စိတ်တိုလွယ်တဲ့ ကောင်မလေးကို စိတ်ကျေနပ်အောင် ဘယ်လိုထားရမလဲဆိုတာကို မဖတ်ဖူးသေးပါဘူး။
ဒါကြောင့် အဲ့ဒီလို sensitive မမ၊ ညီမလေးတွေကိုမှချစ်ကြတဲ့ ကိုကို၊ မောင်မောင်တွေအတွက် အကောင်းဆုံးအကြံတွေကတော့ဒီမှာပါ။
(၁) စကားကို ညင်ညင်သာသာပြောပါ
စကားပြောခက်ထန်ကြမ်းတမ်းတာကို ဘယ်သူမှမကြိုက်ကြပါဘူး။ သူတို့လေးတွေကပိုမကြိုက်ပါဘူး။ ဒါကြောင့်သင့်အနေနဲ့စိတ်တိုနေရင်တောင်သူတို့ကိုတတ်နိုင်သလောက် ညင်ညင်သာသာပြောပါ။
(၂) ငြင်းရမယ့်ကိစ္စတွေကို တတ်နိုင်သရွေ့ရှောင်ပါ
ဘာမဟုတ်တာလေးတွေကို ငြင်းခုန်ရင်းနဲ့သူစိတ်အရမ်းတိုသွားရင်ဖြေရှင်းရတွေခက်ပြီးသင်ပဲဒုက္ခရောက်မှာပါ။ သင့်အနေနဲ့သူ့ကိုအနိုင်ပေးဖို့အစီအစဉ်မရှိဘူးဆိုရင်အစတည်းကသွားမငြင်းပါနဲ့။ အနိုင်ပေးရင်လည်း မသိမသာလေးပေးမှ အဆင်ပြေမှာပါ။ တမင်အနိုင်ပေးမှန်းသိရင် နှစ်ဆစိတ်တိုသွားပါလိမ့်မယ်။
(၃) သူတို့ဆီကအကြံကိုလုံးဝမယူဘဲမနေပါနဲ့
သူတို့တွေက အရမ်းကိုစိတ်ဆိုးလွယ်၊ စိတ်မရှည်လို့ဘာမှသွားမပြော၊ သွားမမေးဘဲမနေလိုက်ပါနဲ့။ အကြောင်းအရာတချို့ကိုပြောပြပြီးသူတို့အကြံကိုယူပါ။ သူတို့ပေးတဲ့အကြံတွေထဲက တချို့ကိုကိုယ်လုပ်လိုက်တဲ့အကြောင်း သူ့ကိုပေးသိပါ။ မဟုတ်ရင် သူတို့ကို မတိုင်ပင်ဘူး၊ အလေးမထားဘူးဆိုပြီး သင့်ကိုစိတ်ဆိုးသွားပါလိမ့်မယ်။
(၄) ကောင်းကောင်းနားထောင်ပေးပါ
သူတို့ပြောသမျှတွေကို သေသေချာချာနားထောင်ပါ။ သင်ဟာဘယ်လောက်ပဲစိတ်မရှည်နားပူမခံနိုင်တဲ့သူဖြစ်ပါစေအချစ်အတွက်နားထောင်နိုင်သူတစ်ယောက် ဖြစ်ကိုဖြစ်ရမှာပါ။ ဘာလို့ဆိုသင့်ချစ်သူကအရမ်းကို စိတ်ဆိုးလွယ်တယ်မဟုတ်လား။ သူတို့ပြောပြသမျှ အဖြစ်အပျက်၊ အတွေ့အကြုံနဲ့ပြဿနာ ဘာညာကွိကွတွေကို ပျော်ပျော်ကြီးနားထောင်ပေးလိုက်ပါ။ နောက်မှ နားမထောင်လိုက်ရလေခြင်းလို့နောင်တမရပါနဲ့။
(၅) သူတို့ကို ဖိအားမပေးပါနဲ့
စိတ်ဆိုးလွယ်တဲ့သူလေးတွေက ဆရာလုပ်တာ ၊ ဖိအားပေးတာတွေကို လုံးဝမကြိုက်ပါဘူး။ ကိုယ့်ဘက်က ဖြစ်စေချင်တာရှိရင်လည်း ဖြည်းဖြည်းချင်း ပြောပြပေးလိုက်ပါ။ အတင်းတိုက်တွန်းတာမျိုးမလုပ်ပါနဲ့။ အဲ့လိုဆို သင်ဖြစ်စေချင်သလိုမဖြစ်တဲ့အပြင်မဖြစ်စေချင်တဲ့ရန်ပွဲတွေပါ ဖြစ်သွားနိုင်ပါတယ်။
(၆) သူတို့ပြောချင်တာကို အချိန်တိုအတွင်းရှင်းရှင်းလင်းလင်းသိနိုင်အောင်ကြိုးစားပါ
ချက်ဆိုနားခွက်ကမီးတောက်မှကြိုက်တာပါ။ စိတ်ကတိုလွယ်ပါတယ်ဆိုမှ သင်ကိုယ်တိုင်ကနားဝေးနေရင်တော့ ရန်သတ်လို့ကို ပြီးတော့မှာမဟုတ်ပါဘူး။ သူပြောတဲ့စကားတွေကို ဘယ်စကားလုံးက ဘာကိုဆိုလိုတယ်၊ ဘယ်စကားပြောရင် ဘာဖြစ်ချင်တယ်ဆိုတာကို အလွတ်ရအောင် လုပ်ထားသင့်ပါတယ်။ သူပြောသမျှကို ချက်ချင်းပေါက်မယ်ဆိုရင် ဒေါ်စန်းစန်းတင့် နဲ့ သင့်ကြားကပြဿနာတော်တော်များများ ငြိမ်းအေးသွားနိုင်ပါတယ်။
Credit;Aunty May