နောက်ဆုံးစစ်တမ်းကောက်ချက်များအရယောင်္ကျားလေးတွေကို ရူးမတတ်ဆွဲဆောင်နိုင်တဲ့ အရာတွေက ဘာတွေဖြစ်မလဲ?မိန်းကလေးတွေဆီက ယောင်္ကျားလေးတွေအစွဲမက်ဆုံးအရာတွေက ဘာတွေဖြစ်မလဲ?
(၁) ရှည်လျားတဲ့ လက်မောင်း
တချိန်တုန်းကတော့ရှည်လျားတဲ့ပေါင်တံဟာအသက်ပဲပေါ့။အခုနောက်ဆုံးသုတေသနစစ်တမ်းတွေအရတော့သူတို့ကိုစွဲမက်စရာကောင်းစေတာကရှည်လျားတဲ့လက်မောင်းလို့ဝိုင်းထောက်ခံထားကြပါတယ်။
(၂) ပါကြောင်နေတတ်တာ
ယောင်္ကျားလေးတွေဟာ ခေတ်မီထက်မြက်တည်ငြိမ်တဲ့မိန်းကလေးတွေကို ပိုသဘောကျလေ့ရှိတယ်လို့အများကထင်ကြပါတယ်။ဒါပေမယ့် လေ့လာချက်များအရအနည်းငယ်ပေါတောတောနေတတ်တဲ့သူတွေကို ပိုသဘောကျကြပါတယ်။
(၃) အပြုံးလေး
ဘယ်လိုအခြေအနေမျိုးမှာမဆို အမြဲတမ်းပြုံးနေတဲ့မိန်းကလေးတွေထက်ယောင်္ကျားလေးကိုဆွဲဆောင်နိုင်တဲ့အရာမရှိပါဘူး။ပြုံးနေတယ့်မိန်းကလေးဟာဆွဲဆောင်မှုအရှိဆုံးလို့သူတို့ခံယူထားကြပါတယ်။
(၄) ရိုးသားမှု
ဒီအချက်ကတော့ ယောင်္ကျားလေးတွေအမြဲထည့်သွင်းစဉ်းစားလေ့ရှိတဲ့အချက်ဖြစ်ပါတယ်။ဘာဟန်ဆောင်ပန်ဆောင်ဖုံးကွယ်ထားတာမရှိပဲပွင့်လင်းရိုးသားနေတတ်တာမျိုးကိုသဘောကျကြပါတယ်။
(၅) အနီရောင်
ယောင်္ကျားလေးတွေဟာ အနီရောင်ကိုစွဲလမ်းလွယ်ပါတယ်။အနီရောင်ဝတ်စုံဆင်မြန်းထားတဲ့မိန်းကလေးသာဆိုအကြည့်တစ်ချက်နဲ့တင် သူတို့ကိုဖမ်းစားနိုင်ဖို့ သေချာသလောက်ရှိပါတယ်။
(၆) Big Eyes
မျက်လုံးခပ်ကျယ်ကျယ်ပြူးပြူးလေးနဲ့အပြစ်ကင်းစင်တဲ့မျက်ဝန်းတွေကို ပိုင်ဆိုင်ထားတဲ့မိန်းကလေးတွေကတော့ ယောင်္ကျားလေးတွေရဲ့အမြင်မှာဆွဲဆောင်မှုအရှိဆုံးဖြစ်နေတတ်ပါတယ်။ယောင်္ကျားလေးအများစု နှစ်သက်သဘောကျတဲ့လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။သဘာဝ Big Eye ကိုဆိုလိုတာနော်။
(၇) ရှည်လျားတဲ့ဆံနွယ်
ရှည်လျားတဲ့ဆံနွယ်ပိုင်ရှင်မိန်းကလေးတွေဟာယောင်္ကျားလေးတွေရဲ့အာရုံစိုက်မှုကိုစက္ကန့်ပိုင်းအတွင်းရကြပါတယ်။ဆံနွယ်လေးတွေလေအဝှေ့မှာလွင့်ခါနေတာမျိုးကိုသူတို့သဘောကျကြပါတယ်။
(၈) မပြင်မဆင်အလှ
ယောင်္ကျားလေးတွေဟာအတုအယောင်တွေကိုမနှစ်သက်တတ်ကြပါဘူး။အရှိကိုအရှိအတိုင်းလက်ခံတတ်ကြသလို အမြဲလိုလိုပြင်ဆင်ခြယ်သနေတာထက်ပါးပါးလေးသာပုတ်ထားတဲ့မျက်နှာမျိုးကိုပိုသဘောကျကြပါတယ်။
Credit;Luckymyanmar