အသေးစိတ်ကျကျ စီစဉ်ထားတဲ့ ရင်ခုန်ဖွယ်ရာ လက်ထပ်ခွင့်တောင်းတဲ့ ဇာတ်လမ်းတွေကို ကြားဖူး၊ဖတ်ဖူး ကြမှာပါ။
ရဟတ်ယာဉ်ပေါ်မှာ လက်ထပ်ခွင့်တောင်းတာ၊ လေယာဉ်မီးခိုးတန်းနဲ့ စာတန်းဖော်ပြီး လက်ထပ်ခွင့်တောင်းတာ၊ အမျိုးမျိုးပေါ့။ ဒါပေမယ့် တကယ်တမ်း မိန်းကလေးတွေ လိုချင်တာ ဘယ်လိုမျိုး ဖြစ်မလဲ။
ကြင်စဇနီးမောင်နှံအတွဲ ၄၀၀ ကို သူတို့ မျှော်လင့်တဲ့ စိတ်ယူးယဉ်လက်ထပ်ခွင့်တောင်းတဲ့ပုံစံ၊ တကယ်တောင်းခဲ့တဲ့ပုံစံနဲ့ဘယ်အချက်ကအရေးကြီးဆုံးလဲဆိုတာ စစ်တမ်းကောက်ယူခဲ့ရာမှာ အောက်ပါအဖြေ ထွက်လာခဲ့ပါတယ်။ လူသိထင်ရှား လက်ထပ်ခွင့်တောင်းတာမျိုးက အကောင်းဆုံးစံပြပုံစံမျိုး မဟုတ်ဘဲ စုံတွဲ ၆၉ ရာခိုင်နှုန်းဟာ နှစ်ကိုယ်ကြား သီးသန့် လက်ထပ်ခွင့်တောင်းမှုကို ပိုမိုနှစ်သက် လိုလားကြတယ်လို့ဆိုပါတယ်။
ဒီ့အပြင် တကယ်တမ်းလက်ထပ်ခွင့်တောင်းမှုဟာလည်း မျှော်လင့်ထားသလောက်စိတ်ကူးယဉ်မဆန်ပါဘူးလို့ဖွင့်ဟခဲ့ပါတယ်။ နောက်ထပ်တွေ့ ရှိချက်အရ လက်ထပ်ခွင့်တောင်းဖို့အကောင်းဆုံးအချိန်ကညနေခင်းနဲ့ နေ၀င်ရီတရောအချိန်လေးမှာ ဖြစ်ပြီး အသင့်တော်ဆုံးနေရာက ပင်လယ်ကမ်းခြေ ဖြစ်တယ်လို့သိရပါတယ်။
လေ့လာထားတဲ့ စစ်တမ်းတစ်ခုအရ လူသုံးပုံတစ်ပုံဟာ လက်ထပ်ခွင့်တောင်းဖို့ အကောင်းဆုံးရက်က ခရစ်စမတ်အကြိုနေ့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နှစ်တစ်နှစ်ရဲ့စိတ်ကူးယဉ်အဆန်ဆုံးရက်တွေဖြစ်တဲ့ ချစ်သူများနေ့ နဲ့ နှစ်သစ်ကူးအကြိုနေ့တို့ကလည်းအကောင်းဆုံးရက်တွေဖြစ်ပါတယ်။
Credit;Trend Myanmar