ဘယ်လိုအကြောင်းရင်းနှင့်မဆို အချစ်နှင့် ဆုံတွေ့ကြသည်ဖြစ်စေ ချစ်သူအဖြစ်ရည်မှန်းတဲ့အခါ
အိမ်ထောင်ရှင် လင်မယားဖြစ်လာကြတဲ့အခါ တစ်ဦးနှင့်တစ်ဦး အချစ်ပဲလိုအပ်လာပါတယ်။
အချစ်ဆိုတာကတော့ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ကြင်နာမြတ်နိုးရမယ်၊ သည်းညည်းခံရမယ်၊ အပေးအယူမျှတရမယ်၊ စည်းကမ်းထိန်းသိမ်းရမယ်၊ အပြန်အလှန်ကူညီစောင့်ရှောက်ရမယ်၊ တစ်ဦးကိုတစ်ဦးအားကိုးရမယ်၊ တစ်အိမ်ထောင်လုံး၏ဘုံအကျိုးကို ရှေးရှုဦးတည်ဖို့လည်း လိုအပ်ပါတယ်။
သို့မှသာ အိမ်ထောင်ရေးခိုင်မြဲ၍ အချစ်၏ အနှစ်သာရလည်း လေးနက်စေမှာဖြစ်ပါတယ်။
အချစ်ဆိုသည်မှာ ချစ်ခြင်းမေတ္တာထက် အခြားသော အတ္တတွေ ရည်မှန်းချက်တွေထားလွန်းလျှင်လည်း အိမ်ထောင်ရေးပြိုကွဲတတ်ပါတယ်။
အိမ်ထောင်ရေးမပြိုကွဲသေးရင်လည်း အချစ်၏ အနှစ်သာရများ ကင်းမဲ့ကာ မလွှဲမရှောင်သာ၍ ခဏတစ်ဖြုတ်သာ ဆက်ဆံနေရခြင်းမျိုးနှင့် ကြုံတွေ့ရပါလိမ့်မယ်။
၎င်းအပြင် ချစ်တိုင်းလည်းမညားကြ၊ ညားလာကြပြန်ရင်လည်း မချစ်ဘဲ အတူနေတတ်ကြသူတွေလည်း ရှိတတ်ကြပါတယ်။
ထို့ကြောင့် အချစ်မပါတဲ့ အိမ်ထောင်ရေးကတော့ အိမ်ထောင်ရေးအစစ်မဟုတ်ဘဲ လူအချင်းချင်း ပေါင်းသင်း နေထိုင်ရုံသက်သက်သာ ဖြစ်ပါတယ်။
အချစ်နဲ့ တည်ဆောက်တဲ့ အိမ်ထောင်ရေးကတော့ ခိုင်မြဲပြီး ဘ၀တစ်သက်စာလုံးအတွက်လည်း ပျော်ရွှင်ကြည်နူးဖွယ်ရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။