တကယ်လို့ သင်က Single တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် အားငယ်နေပါလား။ ဘာမှ စိတ်ဓာတ်ကျပြီး အားငယ်နေစရာ မလိုပါဘူး။
Single ဖြစ်နေလို့ စိတ်ပူစရာလည်း မလိုသလို စိတ်ရှုပ်စရာလည်း မရှိပါဘူး ၊ အပူအပန် ကင်းကင်းနဲ့ ကိုယ့်ဘာသာ ကျေကျေနပ်နပ်ကြီး ပျော်ပျော်ရွှင်ရွှင်နေပိုင်ခွင့် ရှိနေပါတယ်၊ တစ်ယောက်သောသူအတွက် အချိန်မပေးရတော့လည်း ကိုယ့်ကိုကိုယ် ပိုပြီးဂရုစိုက်နိုင်တာပေါ့။
(၁) သင့်ကိုယ်သင်အတွက် အချိန်ပိုပေးနိုင်မယ်
အလုပ်အတွက် အချိန်ပိုပေးနိုင်မှာ ဖြစ်သလို သင့်ကိုယ်သင့် အတွက်လည်း အချိန်ပိုပေးလာနိုင်မှာပါ ။ တခြားပိုနေတဲ့ အချိန်တွေမှာလည်း သင်လုပ်ချင်တဲ့ အရာတွေ၊ သင့်ရဲ့ ၀ါသနာတွေ စသဖြင့် စိတ်ကြိုက် လုပ်ချင်ရာ လုပ်နေလို့ ရပါတယ်။ ဒီလို နေရတာက ပျင်းစရာမကောင်းပါဘူး။ သင်ပိုင်ဆိုင်တဲ့ သင့်ရဲ့ အချိန်ပိုမှာ သင်လုပ်ချင်တာကို ပျော်ပျော်ကြီး လုပ်နိုင်ပါတယ်။
(၂) မိသားစုကို အချိန်ပိုပေးနိုင်မယ်
Single ဖြစ်နေတဲ့ သူတွေဟာ မိသားစုကို အချိန်ပိုပေးနိုင်ကြပါတယ်။ မိသားစုနဲ့ များများတွေ့ပြီး စကားပြောဖြစ်ကြသလို ၊ မတွေ့တာကြာတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့လည်း ပိုပြီး တွေ့ဖြစ်တတ်ကြပါတယ်။ တကယ်တော့ Single ဖြစ်နေတာက အထီးကျန်နေတာ မဟုတ်ပါဘူး။ နေတတ်ရင် ပိုပြီးတောင် ပျော်ဖို့ကောင်းပါသေးတယ်။
(၃) အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေ ပိုပြီးလုပ်နိုင်မယ်
Single ဖြစ်နေလို့ သင့်အတွက် လိုအပ်တာတွေကို ပိုပြီးအာရုံစိုက်နိုင်တာပါ။ သင်လုပ်ချင်တဲ့ ၀ါသနာတွေကို လုပ်နိုင်ပါတယ်။ တစ်စုံတစ်ယောက်ကြောင့် ကိုယ့်ဝါသနာကို စွန့်လွှတ်လိုက်ရတာမျိုး မဖြစ်တော့ပါဘူး။ Single ဖြစ်နေလို့ ကိုယ့်အတွက် တန်ဖိုးရှိသလို အဓိပ္ပာယ်လည်းရှိတဲ့ ကိုယ့်ဝါသနာတွေကို စိတ်ကြိုက် ပျော်ပျော်ကြီး ပိုလုပ်လို့ ရပါတယ်။
(၄) သင်လုပ်ချင်တာ လုပ်နိုင်မယ်
တကယ်ပဲ တစ်ယောက်တည်း နေရတဲ့ ဘ၀က ကိုယ်လုပ်ချင်တာ လုပ်နိုင်ခွင့် ရှိနေပါတယ်။ ဒါက Single ဖြစ်နေရတာရဲ့ အကောင်းဆုံးအချက်ပါ။ ပိတ်ရက်တွေမှာ အိပ်ချင်တယ်ဆို အိပ်ပစ်လိုက်လို့ ရပါတယ်။ ညဘက်တွေ အပြင်ထွက်ချင်ရင် သူငယ်ချင်းတွေနဲ့ ထွက်လို့ ရနိုင်တယ်။ သင်ဝတ်ချင်သလို ၀တ်နိုင်တယ်။ ဘယ်သူအတွက်မှ ပူပန်နေစရာ မလိုပါဘူး။
(၅) ကြူလို့ ရနိုင်မယ်
ချစ်သူရှိနေရင်တော့ အချုပ်အချယ်၊ အနှောင်အဖွဲ့ကြီးနဲ့ နေပေးနေရ ပါလိမ့်မယ်။ တစ်ယောက်တည်း ဖြစ်တဲ့အတွက် စိတ်ရှိလက်ရှိ ကိုယ်ဟာ့ကိုယ် ကျေနပ်သလို ကြူလို့ ရနိုင်ပါတယ်။ အီစီကလိတွေ လုပ်နိုင်ပါမယ်။ ကိုယ့်စိတ်ကြိုက် crush တွေလည်း ထားနိုင်ပါတယ်။ အဆင်ပြေရင် silent လေးတွေတောင်တွဲလို့ ရပါသေးတယ်။
Credit;Aunty May