(၁) မနက်မိုးလင်းလို့ မျက်စီနှစ်လုံးစဖွင့်လိုက်တာနဲ့ သူ့မျက်နှာလေးကို အရင်ဦးဆုံးမြင်ယောင်လာတယ်။
(၂) သူနဲ့စိတ်ဆိုးစိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့ မျိုချချင်ရင်တောင် ရင်ထဲမှာ ဆို့နစ်နေတတ်တယ်။
(၃) သူ့ဆီက ဖုန်း၊မက်ဆေ့ တစ်ခုခုလာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို မကြာခဏ ဖွင့်ကြည့်တတ်တယ်။
(၄) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ကြုံကြုံ သူ့ရဲ့အားပေးနှစ်သိမ့်တဲ့စကားလေးကို ကြားလိုက်ရရင်ပဲ အနည်းနဲ့အများတော့ စိတ်သက်သာရာ ရသွားတတ်တယ်။
(၅) သူ့မျက်နှာ ညှိုးနေတာကို မမြင်ချင်ဘူး။သူ အချိန်တိုင်း ပျော်ရွှင်နေတာကိုပဲ မြင်ချင်တယ်။
(၆) သူက တစ်ခြားသူတွေအပေါ်မှာ လိုတာထက် ရင်းရင်းနှီးနှီးနဲ့ဆက်ဆံတာမြင်ရင် သူ့ကို သဝန်တိုလာတယ်။
(၇) သူ့ကို ဖုန်းဆက်လို့ သူ့ဘက်က ဖုန်းချလိုက်တဲ့အခါမျိုး၊မအားသေးတဲ့အခါမျိုး၊စက်ပိတ်ထားတဲ့အခါမျိုးဆိုရင် ရင်ထဲကိုဓားနဲ့ထိုးလိုက်သလိုပဲ အရမ်းနာကျင်ရတယ်။
(၈) ညရောက်လို့ သူ့ဆီက Good night ဆိုတဲ့ မက်ဆေ့လေးမှ မပို့ဘူးဆိုရင် အိပ်မပျော်တဲ့အထိ ဖြစ်လာတယ်။
(၉) သူ့ဘက်က အမှားတစ်ခုလုပ်မိလို့ ကိုယ့်ဘက်က စိတ်ဆိုးသွားတဲ့အခါမျိုးမှ သူကတောင်းပန်လိုက်ရင် ကိုယ့်စိတ်က အလိုလို ဦးညွတ်သွားတယ်။ ကြာကြာစိတ်မဆိုးနိုင်ဘူး စိတ်ပြေသွားတယ်။
Credit;Shwechitchu