အချစ်စစ်နဲ့ ချစ်မိသွားရင်

အချစ်စစ်နဲ့ ချစ်မိသွားရင် google

မနက်ခင်းမိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ သူ့မျက်နှာလေးကို အရင်ဆုံးမြင်တတ်လာတယ်။

 

ဖုန်း ringtone သံ ကြားတိုင်း ၊ မက်ဆေ့တစ်ခု ဝင်တိုင်း သူပို့တာလား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမန်းကတမ်း ဖွင့်ကြည့်တတ်တယ်။ (သူမဟုတ်ဘူးဆိုတာသိလိုက်ရရင် စိတ်ထဲမှာအလိုလိုဝမ်းနည်းသွားတယ်)

 

သူနဲ့ စိတ်ဆိုး ၊ စိတ်ကောက်တဲ့ အချိန်တွေမှာထမင်းစားလို့ မျိုချရင်တောင် ရင်ထဲမှာဆို့နေတတ်တယ်။

 

ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ကြုံကြုံ ဘယ်လိုအခက်အခဲအတားအဆီးတွေပဲရှိရှိ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့စကားကို ကြားလိုက်ရရင် အနည်းနဲ့အများ တော့ စိတ်သက်သာရာရသွားတတ်တယ်။

 

တိုက်ဆိုင်မှုတစ်ခုခုရှိတိုင်း (သူနဲ့ အတူတူ သွားခဲ့ဖူးတဲ့ နေရာရောက်တိုင်း၊ သူကြိုက်တတ်တဲ့ အစားအစာ တခုစားတိုင်း) သူ့ကို အရင်ကထက် ပိုပြီးသတိရသွားတတ်တယ်။

 

သူ့ဆီက ဖုန်း ၊ မက်ဆေ့ တစ်ခုခုလာမလား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို မကြာခဏဖွင့်ကြည့်တတ်တယ်။

 

သူ့ကို ဖုန်းဆက်လို့မအားသေးတဲ့ အခါမျိုး ၊ သူ့ဘက်က ဖုန်းချလိုက်တဲ့အခါမျိုး ၊ စက်ပိတ်ထားတဲ့အခါမျိုးမှာဆိုရင် ရင်ကို မီးစနဲ့ ထိုးလိုက်သလို ထိုင်မရ၊ထမရ ဖြစ်နေတတ်တယ်။

 

သူနဲ့မတွေ့ရလို့ သူ့ကိုလွမ်းတဲ့အခါတိုင်း သူနဲ့ပို့ခဲ့တဲ့ မက်ဆေ့အဟောင်းတွေကို ပြန်ဖတ်ပြီး အရူးတယောက်လို ရယ်ခဲ့၊ပြုံးခဲ့ဖူးတယ်။

 

သူ့ရဲ့မျက်နှာလေးညှိုးနေတာကို မမြင်ချင်ဘူး ၊ သူလေးအချိန်တိုင်း ပျော်ရွှင်နေတာကိုပဲ မြင်ချင်တယ်။

 

သူ အမှား လုပ်မိလို့ ကိုယ်ကစိတ်ဆိုးသွားတဲ့အခါမျိုးမှာ သူကတောင်းပန်လိုက်ရင် ကိုယ့်စိတ်က အလိုလို ညွတ်ကျသွားတတ်တယ် ၊ သူ့ကို ကြာကြာစိတ်မဆိုးနိုင်ဘူး။

 

တခြားသူတွေ အပေါ်မှာ သူကလိုတာထက် ပိုပြီး ရင်းရင်းနှီးနှီး ဆက်ဆံတာမြင်ရင် သူ့ကိုသ၀န်တိုလာတယ်။

 

ညဘက်အိပ်ခါနီး သူ့ဆီက Good Night ဆိုတဲ့ မက်ဆေ့လေးမှ မပို့ဘူး ဆိုရင် အိပ်မပျော်တဲ့အထိ ဖြစ်လာတယ်။

 

အခု ဒီစာလေးကို ဖတ်နေတဲ့အချိန်မှာ သင် သူ့အကြောင်းလေးတွေကို တွေးနေတယ်။

 

အဲဒါဆိုရင်တော့ သေချာပြီ ၊ သင့် သူ့ကို မြတ်မြတ်နိုးနိုးနဲ့ တကယ်ချစ်မိသွားပြီ။

 

Credit : Original Writer

Myanmar Wedding Guide

Read times Last modified on Wednesday, 27 February 2019 17:45
Rate this item
(1 Vote)