ဘာမှမရှိချိန်မှာတောင် လက်တွဲမဖြုတ်တာကိုမေတ္တာစစ်လို့ခေါ်ပါတယ်။
ကိုယ့်ဘက်ထက် သူ့ဘက်ကိုပိုတွေးပေးတာကိုဖေးမမှုလို့ခေါ်ပါတယ်။
ပြဿနာတွေတက်တိုင်းအလျှော့ပေးတတ်တာကို သည်းခံမှုလို့ခေါ်ပြီး အမှားလုပ်မိလို့ တေးမှတ်မထားတာကိုသဘောထားကြီးတယ်လို့ခေါ်ပါတယ်။
အမှန်တော့မေတ္တာစစ်တယ်၊ သည်းခံတတ်တယ်၊ ဖေးမတတ်ပြီးသဘောထားကြီးတယ်ဆိုတာတွေကယောက်ျားလေးဖြစ်ခြင်း၊ မိန်းကလေးဖြစ်ခြင်းနဲ့လည်းမဆိုင်ပါဘူး။ တစ်ဖက်လူအပေါ် တကယ်တန်ဖိုးထားခြင်း၊ မထားခြင်းနဲ့ပဲဆိုင်ပါတယ်။
အချိန်တွေက ပြောပြသွားမှာပါ။ ကိုယ့်အပေါ် ဘယ်သူသစ္စာရှိ၊ မရှိဆိုတာ အခက်အခဲတွေကခွဲခြားပေးသွားမှာပါ။
ကိုယ့်အပေါ် ဘယ်သူအနွံတာခံမခံဆိုတာ အဆင်မပြေမှုတွေကသိသာသွားစေမှာပါ။
ကိုယ့်ဘေးမှာ ဘယ်သူရှိချင်၊ မရှိချင်ဆိုတာကိုတွေးပြီး သိပ်ဝမ်းမနည်းပါနဲ့။
နာကျင်ဖွယ်အချိန်တွေ၊ စိတ်ပျက်စရာအခက်အခဲတွေနဲ့ အသက်ရှုကြပ်လောက်စရာအဆင်မပြေမှုတွေဟာ ဘဝရဲ့စမ်းသပ်ချက်တွေပါပဲ။
ဒီဒုက္ခတွေကြုံလာတဲ့အခါ ကိုယ့်အပေါ်တကယ်မေတ္တာမစစ်တဲ့သူတွေဆိုရင် ကိုယ့်ဘေးမှာကြာကြာနေနိုင်မှာ မဟုတ်ပါဘူး။
Credit : Sai Zwe Pyae