အားလုံးပဲမင်္ဂလာပါ။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကိုအပျိုကြီးဖြစ်နိူင်ချေများတဲ့ မိန်းကလေးတွေမှာရှိတတ်တဲ့ စရိုက်၊လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။
ကဲ…ဘယ်နှချက်လောက် တူနေပြီလဲဆိုတာ ဖတ်ကြည့်ကြည့်ပါနော်။
(၁)စနစ်တကျလုပ်ကိုင်တတ်တယ်။
အပျိုကြီးဖြစ်မယ့်မိန်းကလေးတော်တော်များများဟာ အသေးစိတ်ကအစ စနစ်တကျ လုပ်တတ်ကြပါတယ်။ စည်းကမ်းမရှိတာ၊စနစ်မရှိတာမျိုးဆိုသည်းမခံတတ်ကြပါဘူး။
(၂) ဇီဇာကြောင်တယ်
အပျိုကြီး လူပျိုကြီးစာရင်းဝင်လာသူတိုင်းက ဇီဇာမကြောင်တဲ့သူဆိုတာ အတော်ရှားပါတယ်။ တစ်ယောက်တစ်မျိုးမရိုးရအောင် ဇီဇာကြောင်းနည်းပေါင်းများစွာနဲ့ဇီဇာကြောင်ကြတာဖြစ်လို့ စာရင်းပြုစုဖို့တောင်ခက်ပါတယ်နော်။
(၃) ထက်မြက်တယ်
ကိုယ့်အားကိုယ်ကိုးပြီးရပ်တည်လာခဲ့ရတဲ့ အမျိုးသမီးအများစုဟာ ထက်မြက်ကြပါတယ်။ထက်မြက်လွန်းတာကြောင့်လည်း လက်တွဲဖော်ရွေးတဲ့နေရာမှာ စံနှုန်းမြင့်မြင့်တွေထားတတ်ကြပါတယ်။ဒါကြောင့်လည်းအပျိုကြီးစာရင်းဝင်လာရတာပေါ့။
(၄) ဆရာကြီးလုပ်တတ်တယ်
အပျိုကြီးအများစုသူတစ်ပါးကိုဆရာလုပ်တာ ပျော်ရွှင်တတ်သူတွေဖြစ်ကြပါတယ်။ဘယ်အကြောင်းအရာကိုပဲဆွေးနွေးဆွေးနွေး နည်းနည်းလေးဖြစ်ဖြစ်တော့ ဆရာလုပ်ချင်စိတ်ရှိကြသူတွေဖြစ်ပါတယ်။
Reference: psychology today.com
အားလံုးပဲမဂၤလာပါ။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကိုအပျိုကြီးဖြစ်နိုင်ချေများတဲ့ မိန်းကလေးတွေမှာရှိတတ်တဲ့ စရိုက်၊လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။
(၂) ဇီဇာကြောင်တယ်
(၃) ထက်မြက်တယ်
(၄) ဆရာကြီးလုပ်တတ်တယ်