အပိုင်း (၃) ကိုဆက်လက်ဖော်ပြပေးလိုက်ပါတယ်....
Sagittarius (November 22 - December 21)
ပျင်းရိတတ်သူတစ်ယောက်ကို ချစ်သူတော်ဖို.ဆိုတာ ဓနုရာသီဖွားတစ်ယောက်အတွက်တော့ လမ်းခွဲဖို့လုံလောက်တဲ့ အကြောင်းရင်းတစ်ခုပါ။
ဓနုရာသီဖွားတွေက အမြဲတက်ကြွပြီး စွန့်စားခန်းအသစ်တွေကို အမြဲရှာဖွေနေသူတွေဖြစ်တဲ့အတွက် သင်က သူနဲ့အတူထပ်တူမလိုက်လုပ်နိုင်ရင် သင်မပါလည်း သူကြိုက်နှစ်သက်တဲ့ အရာတွေ ဆက်လုပ်သွားဖို့ဝန်မလေးကြပါဘူး။
Capricon (December 22 - January 19)
တာဝန်မဲ့တတ်သူ၊ မသိတတ်သူမျိုးနဲ့ မကာရရာသီဖွားမျိုးနဲ့ ရေရှည်မှာ လက်တွဲဖို့မဖြစ်နိုင်ပါဘူး။ မကာရရာသီဖွား သင့်ချစ်သူက သူ့ကို အမြဲတစ်စေဂရုစိုက်ခံနေရတာကိုမှ ကြိုက်နှစ်သက်သူတွေဖြစ်ပါတယ်။ သူတို့ဂရုစိုက်သလို သူများကလဲဂရုစိုက်တာခံချင်ကြပါတယ်။
Aquarius ( January 20 - February 18)
အများနဲ့ မတူ၊ တစ်မူထူးခြားတဲ့ စိတ်ကူးအကြံအစည်တွေ၊ စိတ်ကူးအိပ်မက်တွေရှိသူ ၊ အစဉ်အလာတွေအတိုင်း မလိုက်နာလိုသူ ကုမ်ရာသီဖွားတွေအနေနဲ့ လက်တွေ့ဆန်လွန်းသူမျိုးကို၊ သူတို့ရဲ့ ဖန်တီးနိုင်စွမ်းရှိတဲ့ စိတ်ကူးတွေကို အားပေးအားမြှောက်မပြုသူမျိုးကို ရေရှည်မှာ လက်တွဲဖို့မဖြစ်နိုင်ကြပါဘူး။
Pisces ( February 19 - March 20)
မိန်ရာသီဖွားတွေက စိတ်ခံစားလွယ်တဲ့သူတွေဖြစ်တာကြောင့် သူတို့အပေါ်မှာ မငဲ့ကွက်သူတွေ၊ သူတို့ခံစားချက်တွေကို ဂရုမစိုက်တဲ့ သူမျိုးဆိုရင် အနားကနေထွက်သွားဖို့ သူတို့အတွက်လုံလောက်တဲ့ အကြောင်းရင်းကောင်းတစ်ခုဖြစ်နိုင်ပါတယ်။
တစ်ကိုယ်ကောင်းဆန်တဲ့သူမျိုးနဲ့ အဆင်မပြေနိုင်ဘဲ သူတို့အပေါ်မှာ ကြင်နာတတ်တဲ့ သူမျိုးနဲ့ပဲ ရေရှည်အဆင်ပြေနိုင်မှာဖြစ်ပါတယ်။
Source - chel mo