အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာ Myanmar Wedding Guide ပရိတ်သတ်တွေကို လက်ထပ်လက်စွပ်လေးတွေရဲ့အဓိပ္ပာယ်လေးတွေကို ဖော်ပြပေးချင်ပါတယ်။
အများအားဖြင့်မင်္ဂလာလက်စွပ်ရွေးချယ်ကြတဲ့အခါလက်ထပ်လက်စွပ်ကိုမောင်းကွင်းလေးတွေရွေးချယ်ဝတ်ဆင်ကြတဲ့အဓိပ္ပာယ်လေးက
အိမ်ထောင်ရေးမှာအဖုအထစ်မရှိအနှောင့်အယှက်မရှိစေဘဲအဆုံးအစမရှိချစ်မြတ်နိုးဖို့ရည်ရွယ်တယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။
လက်ထပ်ခွင့်တောင်းတဲ့လက်စွပ်ကိုတော့ များသောအားဖြင့် ကိုယ်တတ်နိုင်တဲ့စိန်လက်စွပ်လေးတွေကိုပဲရွေးချယ်ကြပါတယ်နော်။
စိန်ဆိုတာတန်ဖိုးရှိပြီးပျက်စီးဖို့မလွယ်တာကြောင့် ချစ်ခြင်းမေတ္တာကို စိန်နဲ့တင်စားတဲ့သဘောလည်းဖြစ်ပါတယ်။
ဒါ့ကြောင့်မင်္ဂလာဧည့်ခံပွဲကျင်းပတဲ့အခါ ယောက်ျားလေးလက်သူကြွယ်မှာမောင်းကွင်းတစ်ခုဝတ်ဆင်ကြပြီး
မိန်းကလေးလက်သူကြွယ်မှာတော့မောင်းကွင်းလက်စွပ်လေရယ်Proposal diamond ring လေးရယ်ဆိုပြီးနှစ်ကွင်းထပ်ကာဝတ်ဆင်ရပါတယ်။
စေ့စပ်လက်စွပ်အနေနဲ့ကတော့ စိန် ၁လုံး၊ ၃လုံး၊ ၅လုံးပါတဲ့လက်စွပ်လေးတွေရွေးချယ်လေ့ရှိကြပါတယ်။
စိန် ၁လုံးက Love ဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်။စိန်၃လုံးက I Love You နဲ့ စိန်၅လုံးကတော့ I love you so much ဆိုတဲ့အဓိပ္ပာယ်လေးတွေဆောင်ပါတယ်နော်။
Reference: en.wikipedia.com
Zawgyi ဖြင့်ဖတ်ရန်...