မိန်းကလေးတွေကပိုက်ဆံရှိတဲ့သူကိုမှ မက်မောတတ်တာမဟုတ်ပါဘူး။
မိန်းကလေးတွေအတွက် ပိုက်ဆံရှိမရှိဆိုတာထက် သူတို့အပေါ်သစ္စာရှိမှုကိုသာမျှော်လင့်တတ်ကြတာပါ။
မိန်းကလေးတွေရဲ့မျက်ရည်က ယောက်ျားလေးတွေရဲ့သစ္စာရှိမှုနဲ့တိုက်ရိုက်အချိုးကြနေတာပါ။
ချစ်သူဘဝမှာတောင် သူမမျက်ရည်မကျအောင်မထားနိုင်ရင် အိမ်ထောင်သည်ဘဝကိုလက်ခံဖို့ခက်ခဲသွားပါပြီ။
မိန်းကလေးတစ်ယောက်ကသူမမချစ်တဲ့ယောက်ျားအတွက် မျက်ရည်မကျတတ်ပါဘူး။
သူမကိုသာနားလည်ပေး၊ ကြင်နာပေး၊ သစ္စာရှိပေးရင် သူတို့အတွက် အပျော်ဆုံးပါပဲ။
ချစ်သူဘဝမှာရသမျှအခွင့်အရေးအကုန်ယူတတ်တဲ့ယောက်ျားမျိုးကိုလည်းဘယ်မိန်းကလေးမှ မမက်မောပါဘူး။
သူတို့အပေါ်ကြင်ကြင်နာနာနဲ့ အဖေလိုတစ်မျိုး၊ အကိုလိုတစ်မျိုး စောင့်ရှောက်ပြီးနားလည်ပေးတဲ့သူမျိုးကိုသာ မက်မောကြပါတယ်။
သူတို့စိတ်ချမ်းသာဖို့လမ်းခွဲပေးမယ်ဆိုတဲ့ ယောက်ျားထက်ငါ့ကိုထားမသွားပါနဲ့လို့ပြောတဲ့ ယောက်ျားမျိုးကိုသာ ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ချင်ကြတာပါ။