ချစ်သူတိုင်းမချွဲတတ်တဲ့ချစ်သူတွေမရှိပါဘူး။
မိန်းကလေးတွေချည်းပဲချွဲတတ်မဟုတ်ပဲ ယောက်ျားလေးတွေလည်းချွဲတတ်ပါတယ်။
ဒါမဲ့မိန်းကလေးတွေအနေနဲ့ ကိုကိုတွေကိုချွဲမယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေလိုပါတယ်နော်။
သဝန်တိုတဲ့အခါမှာ ချစ်သူကိုကို ကိုချွဲပြီးတိုတတ်ဖို့လိုပါတယ်နော်။
ကိုကိုတွေက သူတို့ကိုအရမ်းပွစိပွစိလုပ်ပြီး အော်ပြီး စွပ်စွဲတာတွေကိုမကြိုက်တတ်ပါဘူး။
ကိုယ်ကတောအရမ်းစိတ်ဆိုးပြီးသဝန်တိုတာဆိုပေမဲ့ သူ့အတွက်တော့အရမ်းကို မကြိုက်တတ်ပါဘူး။
ချစ်သူကိုကိုတွေကို သဝန်တိုမယ်ဆိုရင်တော့ ချစ်စရာကောင်းအောင် ချွဲရပါမယ်နော်။
စကားလေးတွေနဲ့ရော မျက်နှာအမူအယာနဲ့ပါ ချွဲချွဲလေးပြောပြီးချစ်စရာကောင်းအောင်လုပ်တတ်ဖို့လိုပါတယ်နော်။
<<< Wedding Planners မင်္ဂလာပွဲစီစဉ်သူ ၆၁ ယောက်စာရင်းကို ရှာဖွေရန်နှိပ်ပါ >>>
တခါတလေကိုကိုတွေကို ဂရုမစိုက်တဲ့ပုံစံမျိုးနေပြရပါမယ်။
ကိုကိုတွေကသူတို့ကိုအရမ်းချစ်မှန်းသိတဲ့အတွက် တခါတလေအနိုင်ယူတာမျိုးတွေရှိပါတယ်။
သူတို့ကိုအရမ်းဂရုစိုက်ပြနေရင် သူတို့ကလိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလား ဆိုသလိုမျိုးဖြစ်နေတတ်ပါတယ်။
ဒါကြောင့်သူတို့ကို ဂရုမစိုက်တဲ့ပုံမျိုးနေပေးရမှာဖြစ်ပါတယ်။
ဒီလိုလေးတွေချွဲပြီးတော့ ကိုကိုတွေရဲ့အချစ်ကိုအပိုင်သိမ်းရမှာပဲဖြစ်တယ်နော်…