လင်မယားနှစ်စလုံးကို တွေ့လိုက်တိုင်း တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ပြီး အမြဲပျော်ရွှင်ကြတဲ့
စုံတွဲတွေ ကိုတွေ့ဖူးပါလိမ့်မယ်။ အိမ်ထောင်သည်ဘ၀ဆိုတာ ဒီလိုမျိုးပဲဖြစ်သင့်ပါတယ်။
လင်မယားနှစ်ယောက်တွေ့လိုက်တိုင်း ရန်ဖြစ်နေမယ်ဆိုရင်တော့ ဘ၀ဟာ သိပ်သာယာမှာတော့ မဟုတ်ပါဘူး။ အမြဲပျော်ရွှင်ချစ်ခင်ကြတဲ့ စုံတွဲတွေမှာ ဒီလိုအကျင့် စရိုက်လေးတွေ ရှိကြပါတယ်။
နွေးထွေးစွာပြုမူခြင်း
ပျော်ရွှင်တဲ့ စုံတွဲတွေမှာ သူတို့နှစ်ဦးတွေ့တိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် နွေးထွေးစွာ ပြုမူတတ်ကြပါ တယ်။ အမြဲတမ်းကြီး နွေးထွေးနေတယ်လို့ ပြောတာမဟုတ်ပါဘူး။ ဆုံကြတဲ့ နေ့ရက်တိုင်းတော့ နွေးထွေးစွာ ပြုမူတတ်ကြတယ်။
ဒါကတော့ သူတို့နှစ်ဦးရဲ့ ချစ်ခင်ကြင်နာမှု၊ လိုအပ်မှုကို တစ်ယောက်နဲ့တစ်ယောက် ဖွင့်ဟပြချင်လို့ပါပဲ။ ဒီလို ဖက်တွယ်တတ်ကြတဲ့ စုံတွဲတွေဟာ တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ်လည်းကြီးကြပါတယ်။
နှစ်ဦးချစ်ကြောင်းပြောဆိုခြင်း
တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်လို့ နေ့တိုင်း ပြောလေ့ရှိပြီး မပြောဖြစ်တဲ့ နေ့ဆိုတာ မရှိသလောက် ရှားပါတယ်။
မတွေ့ဖြစ်ရင်တောင် မက်ဆေ့ပို့ပြီးတော့ဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ ပြောကြတာများပါတယ်။ သတိရရင် ရသလိုလည်း ပြောတတ်ပါသေးတယ်။
သီးသန့်အချိန်ထားခြင်း
နှစ်ဦးစလုံးအတွက် သီးသန့်အချိန်ဆိုတာ ရှိသင့်ပါတယ်။ အလုပ်၊ မိသားစု၊ လူမှုရေး စတဲ့ ကိစ္စတွေနဲ့ လည်ပတ်နေရတဲ့ ဘဝမှာ နှစ်ဦသားအတွက် သီးသန့်အချိန်ဆိုတာ မရှိသလောက်ပါပဲ။
တကယ်ပျော်ရွှင်ရတဲ့ စုံတွဲတိုင်းမှာ သူတို့အတွက် သီးသန့်အချိန်လေးတစ်ခုတော့ မဖြစ်မနေ ဖန်တီးတတ်ကြပါတယ်။
ဘယ်အရာက အရေးအကြီးဆုံးဆိုတာကို သူတို့စိတ်ထဲမှာ နားလည်သဘောပေါက်ပြီးသားဖြစ်ပါလိမ့်မယ်။