အင်္ဂလိပ်ရက် ၁ ရက် ၊ ၁၀ ရက် ၊ ၁၉ ရက် ၊ ၂၈ ရက်မွေးဖွားသောမိတ်ဆွေများကို (၁) ဂဏာန်းသမားများ ဟုခေါ်သည်။
၂၀၂၁ သည် (၁) ဂဏာန်းသမားများအတွက် ဝိဇ္ဇာ မ တဲ့အချိန် ၊ နတ်ကောင်း နတ်မြတ် မ တဲ့နှစ်ဖြစ်ပါတယ် …။
ကံကောင်းတဲ့အချိန်ကိုရောက်ပြီ…။ အလုပ်ကိုင်အကြံစည်များ မြင့်မားတိုးတက် အောင်မြင်မယ်…။ အဖက်ဖက်ကနေ မုချတိုးတက်မှုတွေကြုံရမယ်…။
ပြီးခဲ့သောအချိန်ကာလတွေနဲ့မတူတော့ဘူး။ စီးပွားရေး အလုပ်အကိုင်၊အချစ်ရေး၊အိမ်ထောင် ရေး၊ခရီးသွားလာရေး ဘယ်အရေးမဆို အားလုံး ကောင်းနေမယ်…။
အောင်မြင်တဲ့အထိလုပ်ဖို့ စိတ်အား လူအား ပျော့ညံ့လျော့နည်းသွားတတ်တာကိုတော့ သတိထားပါ။
ဒီနှစ်ထဲမှာ ကံအလွန်ကောင်းနေပြီ..။ ရည်ရွယ်ချက်ရှိသမျှ ရဲရဲလုပ်ပါ။ မီးကုန်ယမ်းကုန် ကြိုးစားလုပ်ကိုင်ပါ။ အကြံအစည်ရည်ရွယ်ချက်များကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်ပါ။
တစ်ခုသတိထားရမှာက စိတ်ညစ်စရာစိတ်ရှုပ်စရာကိစ္စ၊ ရှောင်လွှဲဖို့ခက်တဲ့အကျဉ်းအကြပ်တွေ၊ တမင်သက်သက်ချောက်တွန်းခံရတာတွေကိုတော့ သတိထားပါ။
မိမိနေထိုင်တဲ့ ၊ မိမိအလုပ်လုပ်တဲ့နေရာမှာ မကောင်းတဲ့အတတ်များ၊ ပညာများရှိနေအံ့။ မသန့်မရှင်းဖြစ်နေအံ့။ ရှာလကာရည်ကို ရေနှင့်ရောပြီး မကြာခဏ ပက်ဖြန်းပေးပါ။
တစ်ခါတလေ ရုတ်တရက် ချက်ခြင်း တစ္ဆေခြောက်ခံရသလို ဆိုးဝါးသောပြသနာများဝင်လာတတ်ပါတယ်။ မလုပ်ချင်တဲ့အလုပ်တွေကိုလုပ်ရတတ်တယ်။ အဲ့လို အချိန်များတွင်း ထိတ်လန့်ခြင်းမဖြစ်ပါနဲ့။
စိတ်အေးအေးထားပါ။ အဲ့ဒီမကောင်းတဲ့ ပြသနာတွေဟာ ဝိဇ္ဇာမသလို သူ့အလိုလို ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။
အခုလို ကံတရားက မျက်နှာသာ ပေးခိုက်မှာ အလုပ်တွေဖိပြီး လုပ်လိုက်စမ်းပါ။ ထင်ထားတာထက် အများကြီး အောင်မြင်မှုတွေရရှိလာပါလိမ့်မယ်။
ရရှိခံစားရမယ့် အကျိုးမြတ်တွေနဲ့ယှဉ်လိုက်ရင် ကြုံတွေ့နေရတဲ့ အခက်ခဲတွေဆိုတာ မပြောပလောက်တော့ပါဘူး။
အချစ်ရေး - ချစ်ပင်တွေပျိုးပြီး ချစ်မိုးတွေရွာနေအံ့ … ။ အချစ်ရဲ့ ချိုမြိန်တဲ့အသီးအပွင့်များကို ခံစားရအံ့ … ။ သံယောဇဉ်တွေ ပိုမိုလေးနက်ခိုင်မာလာအံ့ …။
ကြားလူနှောက်ယှက်တတ် …။ အဆင်မပြေသူများ ပြန်လည် အဆင်ပြေအံ့ …။ ရုတ်တရက် ဆိုင်းမဆင့် ဗုံမဆင့် အိမ်ထောင်ကျတတ် …။ သူတစ်ပါးရဲ့ နှလုံးသားရေး၊အိမ်ထောင်ရေးကိစ္စတွေမှာလည်း ဝင်ပါရတတ်ပါတယ်။
အိမ်ထောင်ရေး - ကြားလူနှောက်ယှက်တတ် (သတိထားသင့်) …။ ကြားလူတစ်ယောက်ကိုအကြောင်းပြုပြီး လင်မယားအဆင်မပြေဖြစ်တတ် … ။ စိတ်ညစ်စရာတွေ ပျော်ရွှင်စရာတွေ နှစ်မျိုးစလုံး ရောထွေးနေအံ့ … ။ အိုးသစ်အိမ်သစ် နေရာသစ်ရတတ် …။ နှစ်ဦ
စလုံးရဲ့အကြံအစည် ရည်ရွယ်ချက်များသည် စိတ်ပူ ထစ်ငေါ့ပြီးလျှင် အောင်မြင်လတ္တံ့ …။
ငွေရေးကြေးရေး - ငွေအစုလိုက် အပုံလိုက် နှစ်ခါရတတ် …။ ငွေကြေးကိစ္စများ စိတ်ပူထစ်ငေါ့ပြီးမှ အောင်မြင်အံ့ …။ ငွေကြေးအကြံအစည်များအောင်မြင်ရန် ငွေကြေးအခက်အခဲများမှ လွတ်မြောက်ရန် အနည်းဆုံး အခွင့်အလမ်း အဆက်အသွယ် အကူအညီနှစ်ခု
တပြိုင်နက်တည်းပေါ်လာတတ် … ။
ထီထိုးရန် - သစ်ပစ်တစ်ကို နိမိတ်ကောက်ပြီး ထိုးပါ …။ ရုက္ခစိုးမင်းထံတွင် တိုင်တည်ဆုတောင်းပြီးထိုးပါ …။ ချစ်သူနှစ်ဦး ဒါမှမဟုတ် လင်မယားနှစ်ယောက်နှင့် စပ်ထိုးပါ … ။
၁။ အချစ်ရေး၊အိမ်ထောင်ရေး ပြဿနာများ ပေါ်ပေါက်လာတတ်
၂။ လေထိုးလေအောင့် ရောဂါဖြစ်တတ်
၃။ စကားများ ငြင်းခုန်ရတတ်
၄။ လက်ရှိနေသော မြေနေရာ အိမ်နေရာ မသန့်ပါ ။ မလှမ်းမကမ်းမှာ သရဲ ရှိနေတတ်
၅။ ထူးခြားသော ရုပ်ထုတစ်ခုရောက်လာတတ် ရောက်လာပြီးနောက် စနေသားသမီး တစ်ဦးဦးကို အကြောင်းပြုပြီးငွေရတတ်
၆။ တစ်ဘဝလုံးအသုံးဝင်မည့် ပညာရတတ်
၇။ မမျှော်လင့်ဘဲ မိတ်ကောင်းဆွေကောင်းတစ်ဦး ရရှိတတ်
၈။ အောက်လက်ငယ်သား ဒုက္ခပေးတတ် စိတ်ပူရတတ်
၉။ မျက်စိနာတတ်
၁၀။ ငွေပစ္စည်းပျောက်တတ်
၁၁။ ပြည်တွင်း ပြည်ပ ခရီးများသွားရတတ်
၁၂။ သူတစ်ပါးကို ဆေးဖိုးဝါးခ ငွေကြေးများကူညီရတတ်
၁၃။ အလုပ်ထွက်ဖို့ ပြောင်းဖို့ အကြောင်းတွေပေါ်လာတတ်
၁၄။ စကားနည်းနည်းပြောပြီး အလုပ်များများလုပ်သင့်
ကျိုးပေးအဆောင် - မြ ၊ အပြာရောင်ကျောက်
အကျိုးပေးအရောင် - အပြာရောင် ၊ နှင်းဆီရောင် ၊ ပန်းရောင်
သင့်တော်သည့် ဓါတ်စာ - ပဲအမျိုးမျိုး ၊ ပန်းသီး ၊ ဖရဲ ၊ သဖန်း ၊ သစ်ချ ၊ ဗန်ဒါ
သတိ ထားသင့်သည့် အန္တရာယ် - မြေပြို ၊ တွင်းပြို ၊ တောင်ပြို
သတိထားသင့်သည့် ရောဂါ - လည်ချောင်း ၊ နှာခေါင်း ၊ အဆုတ်
ကံကောင်းသောနေ့ - သောကြာ၊ အင်္ဂါ၊ ကြာသပတေး
ကံကောင်းသောရက် - ၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ၊ ၆ ၊ ၁၅ ၊ ၂၄ ၊ ၉ ၊ ၁၈ ၊ ၂၇
ယတြာ ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် အိမ်ဘုရားမှာ သောက်တော်ရေ(၁)ခွက် ၊ သစ်သီး(၁)လုံး ၊ ဖယောင်းတိုင် (၁) တိုင်၊အမွှေးတိုင် (၁)တိုင် မကြာခဏလှူဒါန်းပြီး မိမိလိုရာများကို အသံထွက်ပြီးဆုတောင်းပါ။ မိမိနေသောနေရာကို ရှာလကာရည်ကို ရေနှင့်ရောပြီး မကြာခဏပက်ဖြန်းပေးပါ … ။
Myanmar Wedding Guide
Crd: ဆရာမင်းသိမ်းခိုင်