သင့်ကိုလက်ထပ်ခွင့်တောင်းတဲ့အချိန်ကစပြီး သင်နဲ့ သင့်ချစ်သူဟာ ငွေကိုဘယ်လိုစီမံပြီး သုံးစွဲသွားကြမယ်၊
ဘယ်သူတွေက အိုးခွက်ပန်းကန်တွေ ဆေးကြောသန့်စင်ဖို့တာဝန်ယူမယ်၊ ကလေးတွေ လိုအပ်မယ်၊ မလိုအပ်ဘူး စတဲ့ ကိစ္စတွေအတွက် ဆွေးနွေးခဲ့ကြပြီးဖြစ်မှာပါ။
ဒါပေမယ့် လက်မထပ်ခင်မှာ သင်မမေးခဲ့တဲ့ မေးသင့်တဲ့ အချက် ၅ ခုရှိတယ်လို့ နားလည်ကျွမ်းကျင်သူတွေက ဆိုပါတယ်။
၁။ အားလပ်ရက်တွေကို အတူဘယ်လိုဖြတ်သန်းကြမလဲ။
၂။ အလုပ်နေရာပြောင်းဖို့ ဆန္ဒရှိသလား။
၃။ လက်ထပ်လက်စွပ်ကို တစ်ချိန်လုံး ဝတ်ထားရမလား (သို့) ချွတ်ထားလိုက်ဖို့ အဆင်ပြေမလား။
၎။ အဆက်ဟောင်းတွေရှိခဲ့ရင် ဘယ်လိုစီစဉ်ကြမလဲ။
၅။ ဘဝနေထိုင်မှုပုံစံတွေကို အတတ်နိုင်ဆုံး ညှိနိုင်ကြမလား ဆိုတဲ့ အချက်များပဲ ဖြစ်ပါတယ်။