ဒေးဗစ်ဟာ တီဗီအစီအစဉ်တစ်ခုမှာလာနေတဲ့ စပိုက်စ်ဂဲလ် အဖွဲ့ရဲ့ သီချင်းဗီဒီယိုတစ်ခုမှာ ဗစ်တိုးရီးယားကိုစပြီးတွေ့ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီသီချင်းဗီဒီယိုကို ကြည့်နေတုန်း ဒေးဗစ်က သူ့သူငယ်ချင်းကို “အမဲရောင်ဝတ်စုံအတိုလေးနဲ့ကောင်မလေးကိုတွေ့လား၊ အဲ့ဒီကောင်မလေးကို ငါလက်ထပ်မှာ” လို့ ပြောခဲ့ပါတယ်။
Read More: အိမ်ထောင်သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ Celebrity စုံတွဲ (၃) တွဲ
ဗစ်တိုးရီးရဲ့ ပြောကြားချက်အရ “မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ကိုဖြစ်ပျက်ခဲ့တာပါ၊ အဲ့ဒါ မန်ချက်စတာယူနိုက်တက်ကစားသမားတွေရဲ့လေယာဉ်ကွင်း စတာပေါ့၊ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတွေဟာ အသင်းဖော်တွေနဲ့ လေယာဉ်ကွင်းက ဘားမှာအတူတူသောက်နေကြတဲ့အချိန်မှာ ဒေးဗစ်ကတော့ သူ့မိသားစုနဲ့ အတူမတ်တတ်ရပ်နေခဲ့ပါတယ်။ အဲ့ဒီအချိန်က ဒေးဗစ်က မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တောင်မရသေးပါဘူး။ ကျွန်မကတော့နာမည်ကြီးအဆိုတော်တစ်ယောက်ပေါ့။ သူရဲ့အပြုံးက အရမ်းချစ်စရာကောင်းပါတယ်။ ကျွန်မကလည်း မိသားစုကို ချစ်ခင်နှစ်သက်တဲ့သူဖြစ်တဲ့အတွက် သူ့လိုမိသားစုကိုချစ်တဲ့သူတစ်ယောက်နဲ့ ရင်ခုန်သံချင်းဆက်နွယ်နေတယ်လို့ခံစားရပါတယ်။ သူကျွန်မဆီက ဖုန်းနံပါတ်လာတောင်းတော့ သူ့ရဲ့ လန်ဒန်နဲ့မန်ချက်စတာအသွားအပြန် လေယာဉ်လက်မှတ်ပေါ်မှာ ကျွန်မဖုန်းနံပါတ်ကိုရေးပေးခဲ့ပါတယ်။ ပြီးတော့ ဒေးဗစ်ကအိမ်ပြန်သွားပြီး ကျွန်မဖုန်းနံပါတ်ကို ပျောက်သွားမှာဆိုးလို့ သူ့အိမ်ကအသုံးအဆောင်တော်တော်များများမှာ ရေးမှတ်ခဲ့တယ်လို့သိရပါတယ်” လို့ပြောကြားခဲ့ပါတယ်။
Author - Nyi Min Khant