ချစ်သူရည်းစားထားတော့မယ်လို့စဉ်းစားရင် တစ်ဖက်လူကို ကိုယ်တကယ်ချစ်တာလား၊ စိတ်ထဲမှာ အတည်တကျလို့မတွေးဘဲနဲ့
အပျော်လောက်ပဲသဘောထားတာလားဆိုတာ သေချာဆန်းစစ်ဖို့လိုပါမယ်။ ဒီလိုပဲ တွဲလာတဲ့သက်တမ်းကြာမြင့်နေပေမယ့် အတည်တကျတွဲနေတာမဟုတ်ဘဲ အပျော်လောက်ပဲသဘောထားတဲ့သူတွေလည်းရှိပါတယ်။ ဒီလိုအခြေအနေတွေကို ဆန်းစစ်နိုင်ဖို့အတွက် အောက်မှာဖော်ပြမယ့်အချက်အလက်လေးတွေက အကူအညီပေးပါလိမ့်မယ်။
- ဘယ်လောက်ပဲချစ်သူသက်တမ်းကြာကြာ ပထမဆုံးတွေ့ခဲ့တဲ့အချိန်တွေ၊ သူနဲ့အတူရှိခဲ့တဲ့အမှတ်တရတွေကို မေ့မသွားဘဲအမြဲတမ်းအမှတ်ရနေတယ်ဆိုရင်တော့ တကယ်ချစ်လို့ပါပဲ။
- တွဲနေတဲ့ချစ်သူရဲ့ ကောင်းတဲ့အမူအကျင့်လေးတွေနဲ့ မကောင်းတဲ့အမူအကျင့်လေးတွေကို ချရေးကြည့်ပါ။ ကောင်းတဲ့အချက်လေးတွေများပြီး မကောင်းတဲ့အချက်တွေကိုလည်း လက်ခံပေးနိုင်တယ်ဆိုရင်တော့ တကယ်ချစ်တာပဲပေါ့။
- ကိုယ့်ချစ်သူရဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆိုလက်ခံနိုင်သလားဆိုတာ ဆန်းစစ်ပါ။ စိတ်ချမ်းသာစရာကြုံတဲ့အခါသူနဲ့အတူလိုက်ပါပျော်ရွှင်ရပြီး စိတ်ဆင်းရဲစရာကြုံတဲ့အခါ သူနဲ့အတူဝေဒနာတွေ မျှဝေခံစားပေးနိုင်တယ်ဆိုရင်တော့ သင့်ချစ်သူကိုသင် အချစ်စစ်နဲ့ချစ်တယ်ဆိုတာထင်ရှားပါတယ်။
- အကြောင်းအမျိုးမျိုးကြောင့်သူနဲ့အတူမရှိနေနိုင်ပေမယ့် အနေဝေးနေတဲ့ခဏမှာ လွမ်းတယ်လို့ခံစားရပြီဆိုရင်တော့ သင့်ရင်ထဲမှာသူက စိုးမိုးထားလို့ပေါ့။
- သင်ဟာ အရင်ကဘယ်လိုလူပဲဖြစ်ဖြစ် သူနဲ့တွေ့ပြီးနောက်ပိုင်းမှာ အကောင်းဖက်ကိုဦးတည်တဲ့ ပြောင်းလဲမှုတွေရှိနေပြီ၊ သင့်ရဲ့အနာဂတ်အစီအစဉ်တွေထဲမှာပါ သင့်ချစ်သူပါဝင်နေပြီဆိုရင်တော့ သင်ရဲ့ဘ၀လက်တွဲဖော်အဖြစ်သင့်ချစ်သူကို ရွေးချယ်လိုက်ပါတော့။
ဒီလောက်ဆိုရင်တော့ သင့်ချစ်သူကိုသင်အချစ်စစ်နဲ့ချစ်တာဟုတ်မဟုတ် ဆန်းစစ်လို့ရလောက်ပါပြီ။
Source – Myanmar24h
Read More: သည်းသည်းမည်းမည်းအချစ်ခံချင်ရင်မောင်လေးတွေကိုရွေးချယ်လိုက်ပါ