ကိုယ့်ထက် အသက်ကြီးတဲ့ ( စီနီယာတွေ) ကို ချစ်ကြည့် မလား။
နည်းနည်း တော့ စဉ်းစားပါ။
အသက်ကြီးတဲ့ (စီနီယာ) တွေကို ချစ်ရတာတော့ သိပ်ခက်တယ် ။
အငယ်ဆိုပြီး ခေါက်ခေါက် ထားတတ်တယ်။
မျှော်လင့်ချက်တွေ သိပ်ပေးတယ် ။
ကြိုးရှည်ရှည် နဲ့ လှန်တယ် ။
နောက်ဆုံးတော့ ကိုယ့်ခံစားချက်တွေက အမြဲလျစ်လျူရှု ခံရတယ်။
ရင့်ကျက်နေတဲ့ သူတို့အတွေ့အကြုံတွေက နှလုံးသားကို အစိမ်းလိုက် ဝါးစားသွားတတ်တယ် ။
စဉ်းစားပါ။
ကိုယ်နဲ့ ရွယ်တူတွေကို ချစ်ကြည့်မလား။
ပင်ပန်းမယ်နော့် ။
ကိုယ့်ကို ဘယ်အချိန် ထားခဲ့မှာလဲ ဆိုတဲ့စိတ်နဲ့ အမြဲတမ်းစိတ်ဆင်းရဲနေရမယ်။ ။
သိလျက်နဲ့လည်း မသိဟန်ဆောင်ပေး နေရမယ် ။
မြင်လျက်နဲ့လည်း မမြင်ချင်ယောင်ဆောင် လျစ်လျူရှု ပေးနေရတယ် ။
အချစ်ကို ဘယ်တော့မှ တန်ဖိုးမထားတတ်ဘူး။ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်ကြလိမ့်မယ်။
နောက်ဆုံး ကိုယ့်ထက်သာတဲ့ သူတွေ့ပြီး ကိုယ့်ကိုဟတ်ကော့ကြီးနဲ့ ချန်ထားခဲ့မယ် ။
အဲ့တော့ ကိုယ့်ထက်ငယ်တဲ့ (ဂျူနီယာလေး) တွေကို ချစ်ဖို့ စဉ်းစားမလား။
အင်း. . . သေတောင် မစဉ်းစားနဲ့။
သူတို့ကို ချစ်ရတာ သိပ်ရင်မောရမယ် ။
အငယ်မို့လို့ သည်းခံနားလည် ပေးတာကို လဒူကြီးဆိုပြီး အနိုင်ကျင့်ခံရမယ် ။
အလျော့ပေးတော့ ပိုရောင့်တက်တယ်။
ချွဲချွဲနွဲ့နွဲ့ တီတီတာတာ စကားတွေ နဲ့ မူယာမာယာ များတယ် ။
အသည်းခွဲနည်းမျိုးစုံ အကုန်ကျွမ်းတယ်။
တစ်စွတ်ထိုး ဆန်တယ် ။
စဉ်းစားဆင်ခြင် နိုင်စွမ်းနည်းပါးတယ်။
သူ ဖြစ်ချင်တာပဲ သူသိတယ်။
"လူကြီးဖြစ်ပြီး ကလေးကို အလျော့ပေးရမှာပေါ့" ဆိုတဲ့ စကားတစ်ခွန်း နဲ့ သူဆိုးသမျှ cover ယူသွားတယ်။
နောက်ဆုံး ကိုယ်ပဲ အသည်းကွဲပြီး ကျန်ခဲ့ မယ် ။အဲ့တော့ ဘယ်သူ့မှမချစ်တာ အကောင်းဆုံးပဲ ။
ကိုယ်တက်နေတဲ့တက္ကသိုလ်သက်တမ်းလေးမှာ ဘော်ဒါတွေနဲ့အတန်းလစ်ပြီး ကမြင်းကြောထနေတာပဲကောင်းတယ်။
Credit;ခဲတံ ( Min Khant )