အခုခေတ်လိုမျိုး ဖုန်း၊ အင်တာနက်တွေမပေါ်ခင်တုန်းက ကောင်လေးတွေဟာ ကောင်မလေးတွေကို ဘယ်လိုနည်းတွေနဲ့ ပိုးပန်းခဲ့ကြတာလဲ ဆိုတာသိအောင်ဖော်ပြပေးလိုက်ပါတယ်။
(၁) ရည်းစားစာပေးခြင်း
အရင်ခေတ်တုန်းကဆို အခုခေတ်လိုမျိုးဖုန်းတွေဘာတွေမရှိခဲ့တော့ရည်စားစာလေးနဲ့ကိုယ်ကြိုက်နေတဲ့ကောင်မလေးကို ပိုးပန်းခဲ့ကြပါတယ်။ စာအိတ်နဲ့လူကြုံပို့ပေးရတဲ့ခေတ်ဆိုတော့တစ်ခုခု အကြောင်းကြားမယ်ဆိုရင်တောင် စာနဲ့ပဲ လူကြုံပို့ပေးရတာပါ။ ဒီတော့ ရည်းစားစာရေးပြီးပဲ ပိုးပန်းရတာပဲဖြစ်ပါတယ်။
(၂) နည်းပညာ
အရင်ခေတ်တုန်းက နည်းပညာတွေ မတိုးတက်ခင်က တစ်ယောက်နဲ့ တစ်ယောက်အချိန်ပိုပေးနိုင်တဲ့ အတွက် ပိုပြီး အချစ်တွေခိုင်မြဲကြတယ်။ အခုခေတ်မှာဆို နည်းပညာတိုးတက်လာတာကြောင့် အလုပ်ပြန်လာတာနဲ့ တစ်ယောက်နဲ့ တစ်ယောက်အချိန်မပေးနိုင်တော့ဘဲ ဖုန်းသုံးတာတို့၊ တီဗီကြည့်တာတို့၊ ဂိမ်းဆော့တာတို့ကို လုပ်လာကြတယ်။
(၃) လက်လုပ် လက်ဆောင်ပစ္စည်း
အရင်တုန်းကဆို ဒီခေတ်လို အလွယ်တကူ လက်ဆောင်ပစ္စည်းတွေဝယ်လို့မရတာကြောင့် လက်လုပ်ပစ္စည်းလေးတွေကို လက်ဆောင်ပေးကြတယ်။ ချစ်ရတဲ့ကောင်မလေးကို ကိုယ့်တိုင်လုပ်ထားတဲ့ လက်လုပ်ပစ္စည်းလေးတွေ ပေးကြတယ်။
(၄) အပြင်ထွက်စားခြင်း
အရင်ခေတ်ကတော့ အခုလို ဆိုင်အကြီးကြီးတွေမပေါ်သေးတော့ ဆိုင်သေးသေးလေးမှာပဲ ရိုမန်ဆန်အောင်လုပ်ကြတယ်။ စားသောက်ဆိုင်မှာ နှစ်ယောက်အတူ သွားစားတာက တစ်ယောက်အကြောင်းကို တစ်ယောက် ပိုသိလာစေပါတယ်။
(၅) လေးစားမှု
တစ်ယောက်နဲ့ တစ်ယောက်လေးစားမှုရှိတာက အကောင်းဆုံးပါပဲ။ ကိုယ့်ချစ်ရတဲ့ ကောင်မလေးနဲ့ စကားပြောရင်စိတ်ရှည်ပေးတာတို့ ၊ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတာတို့တာတော့ လုပ်ပေးသင့်တဲ့အရာတွေပဲဖြစ်ပါတယ်။
Credit;Marry