ဒီတစ်ခါတော့ Foundation လိမ်းတဲ့အခါမှာ ဘာတွေရှောင်ရမလဲဆိုတာပြောပြပေးပါမယ်။
Foundation လိမ်းတဲ့အခါမှာဆိုရင် တချို့က လက်နဲ့ဘဲ အလွယ်လိမ်းလိုက်ကြတာများပါတယ်။
တချို့ကတော့ Sponge (ဖော့လုံး) ၊ Brush ကိုအသုံးပြုကြပါတယ်။
တစ်ကယ်တော့ Make up Sponge သုံးခြင်းက မျက်နှာအနှံ့ကို မိတ်ကပ်သားညက်ညက်လေးဖြစ်နေစေလို့
Sponge လေးကို ဘဲသုံးစေချင်ပါတယ်။
လက်နဲ့ ဆိုရင်က ကွက်တာတွေ ဖြစ်နိုင်တဲ့ အတွက် လက်နဲ့ လိမ်းဖို့ကိုတော့အားမပေးပါဘူး။
Brush နဲ့ဆိုရင်လည်း ထူထူကြီးဖြစ်နေတတ်ပါတယ်။
နောက်တစ်ခုပြောပြချင်တာကတော့ Foundation လိမ်းတဲ့အခါ မှာ Primer ခံပြီးလိမ်းသင့် လားဆိုတာ မလိမ်းသင့် လားပြောပြပေးပါမယ်။
အောက်မှာ ပုံလေးပြပေးထားပါတယ်။ Primer ခံပြီး လိမ်းတာက မျက်နှာပေါ်မှာရှိနေတဲ့ အပြစ်အနာဆာတွေကို ဖုံးထားပေးနိုင်ပါတယ်။
ဒါကြောင့်မိတ်ကပ်လိမ်းတဲ့အခါမှာ Primer လေးခံပြီးလိမ်းသင့်ပါတယ်။