မင်္ဂလာပွဲတစ်ခုမှာ လူတွေသတိထားကြည့်ကျတဲ့ သတိုးသမီးလေးအဖို့ perfect makeup ဖြစ်ဖို့ လိုအပ်ပါတယ်။
တချို့ သတိုးသမီးများအဖို့ ကတော့ သနပ်ခါးပဲအမြဲလူးတက်တဲ့အကျင့်ဖြစ်နေပြီး
မင်္ဂလာဆောင်တဲ့အချိန်မှ မိတ်ကပ်လူးရတဲ့ သူများအဖို့  ခက်ခဲတဲ့အရာတစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။
အဲလို့ အခက်အခဲတွေမရှိရအောင် မိတ်ကပ်ဆရာတွေနဲ့ ကိုယ့်ရဲ့ အကြိုက်ကို အရင်ဆုံးဆွေးနွေးတိုင်ပင်ဖို့  လိုအပ်ပါတယ်။
မင်္ဂလာပွဲမတိုင်ခင် မိတ်ကပ်ဆရာနဲ့  ကြိုတင်ပြီး မိတ်ကပ် tutorials တွေလုပ်ကြည့်မယ်ဆိုရင်
မင်္ဂလာဆောင်တဲ့အချိန်ကျရင် စိုးရိမ်စရာမရှိတော့ဘူးပေါ့။
မိတ်ကပ် လင်းလင်းရဲ့ မိတ်ကပ်ပြင်ဆင်မှုအချို့ကို တင်ပြပေးလိုက်ပါတယ်။