ေခၽြးေပါက္က်ယ္ရင္အသားအေရအဆီျပန္ၿပီး ဝက္ၿခံထြက္လြယ္တယ္ဆိုတာ ခ်စ္တို႔လည္းသိၿပီးျဖစ္မွာပါေနာ္။
မ်ားေသာအားျဖင့္ ႏွာေခါင္း၊ႏွာေခါင္းေဘးနားတဝိုက္နဲ႔ပါးျပင္ေတြဟာသိသိသာသာေခြၽးေပါက္က်ယ္တတ္တဲ့ေနရာေတြျဖစ္ပါတယ္ေနာ္။
သဘာဝနည္းလမ္းေလးနဲ႔လြယ္ကူစြာထိန္းသိမ္းမယ္ဆိုရင္ေခြၽးေပါက္က်ဥ္းေစတဲ့အျပင္ အေရျပားကိုအားျဖည့္ေပးမွာျဖစ္လို႔ ေ
ခၽြးေပါက္က်ယ္ျခင္းျပသနာအတြက္ အိမ္တြင္းကုထံုးေလးတခ်ိဳ႕ကိုေဝမွ်ေပးခ်င္ပါတယ္ေနာ္။
၁။ သံပယိုသီး နဲ႔ ၾကက္ဥအကာ
ခြက္တစ္လုံးထဲသို႔ ၾကက္ဥအကာထည့္လိုက္ၿပီး သံပယိုသီးအနည္းငယ္ညစ္ထည့္၍ေရာေမြလိုက္ပါ။
ေရာေမြၿပီးသားအႏွစ္ကို မ်က္ႏွာေပၚ႐ွိေခြၽးေပါက္က်ယ္ေသာေနရာမ်ားသို႔ လိမ္းေပးပါ။
၁၅မိနစ္၊ မိနစ္ ၂၀ခန္႔ထားၿပီးေနာက္မ်က္ႏွာကိုေရေအးေလးနဲ႔သစ္ခ်လိုက္ပါ။
အားလပ္တဲ့အခ်ိန္ေတြမွာ ျပဳလုပ္ေပးျခင္းအားျဖင့္ မ်က္ႏွာေပၚမွအဆီပိုမ်ား၊ဆဲလ္ေသမ်ားႏွင့္ ေခြၽးေပါက္ေတြကိုက်ဥ္းေစမွာျဖစ္ပါတယ္။
၂။ မုန္႔ဖုတ္ဆိုဒါ
မုန္႔ဖုတ္ဆိုဒါဟာေနရာေတာ္ေတာ္မ်ားမ်ားမွာအသုံးဝင္တဲ့ပစၥည္းလျဲဖစ္ပါတယေနာ္္။ခြက္ထဲသို႔
မုန္႔ဖုတ္ဆိုဒါႏွစ္ဇြန္းနဲ႔ေရႏွစ္ဇြန္းေရာစပ္ၿပီးေမြလိုက္ပါ ။ ေမြၿပီးသားမုန္႔ဖုတ္ဆိုဒါကိုေခြၽးေပါက္က်ယ္တဲ့ေနရာေတြမွာ
maskအျဖစ္အသုံးျပဳ၍ မိနစ္ ၁၅-၂၀ခန္႔ထားလိုက္ပါ။ ထို႔ေနာက္ေရေအးႏွင့္မ်က္ႏွာသစ္ခ်လိုက္ပါ။
ေခြၽးေပါက္က်ဥ္းေစမယ့္သဘာဝနည္းလမ္းတစ္ခုျဖစ္ပါတယ္။
၃။ သံပယိုသီးနဲ႔ခရမ္းခ်ဥ္သီး
ခရမ္းခ်ဥ္သီး၏အတြင္းသားကိုခြက္အတြင္း၌ေခ်၍ သံပယိုသီးအနည္းငယ္ညစ္ထည့္၍ေရာေမြလိုက္ပါ။
မ်က္ႏွာေပၚမွေခြၽးေပါက္က်ယ္ေသာေနရာမ်ားတြင္ လိမ္း၍ ၁၅/၂၀မိနစ္ခန္႔ ထားေပးပါ။
ထို႔ေနာက္ေရေအးေလးႏွင့္မ်က္ႏွာသစ္ခ်လိုက္ပါ။ ေခြၽးေပါက္က်ဥ္း၍ ၾကည္လင္ေသာအသားရည္ကိုပိုင္ဆိုင္ေစမွာျဖစ္ပါတယ္။
Unicode
ချွေးပေါက်ကျယ်ရင်အသားအရေအဆီပြန်ပြီး ဝက်ခြံထွက်လွယ်တယ်ဆိုတာ ချစ်တို့လည်းသိပြီးဖြစ်မှာပါနော်။
များသောအားဖြင့် နှာခေါင်း၊နှာခေါင်းဘေးနားတဝိုက်နဲ့ပါးပြင်တွေဟာသိသိသာသာချွေးပေါက်ကျယ်တတ်တဲ့နေရာတွေဖြစ်ပါတယ်နော်။
သဘာဝနည်းလမ်းလေးနဲ့လွယ်ကူစွာထိန်းသိမ်းမယ်ဆိုရင်ချွေးပေါက်ကျဉ်းစေတဲ့အပြင် အရေပြားကိုအားဖြည့်ပေးမှာဖြစ်လို့ ေ
ချွးပေါက်ကျယ်ခြင်းပြသနာအတွက် အိမ်တွင်းကုထုံးလေးတချို့ကိုဝေမျှပေးချင်ပါတယ်နော်။
၁။ သံပယိုသီး နဲ့ ကြက်ဥအကာ
ခွက်တစ်လုံးထဲသို့ ကြက်ဥအကာထည့်လိုက်ပြီး သံပယိုသီးအနည်းငယ်ညစ်ထည့်၍ရောမွေလိုက်ပါ။
ရောမွေပြီးသားအနှစ်ကို မျက်နှာပေါ်ရှိချွေးပေါက်ကျယ်သောနေရာများသို့ လိမ်းပေးပါ။
၁၅မိနစ်၊ မိနစ် ၂၀ခန့်ထားပြီးနောက်မျက်နှာကိုရေအေးလေးနဲ့သစ်ချလိုက်ပါ။
အားလပ်တဲ့အချိန်တွေမှာ ပြုလုပ်ပေးခြင်းအားဖြင့် မျက်နှာပေါ်မှအဆီပိုများ၊ဆဲလ်သေများနှင့် ချွေးပေါက်တွေကိုကျဉ်းစေမှာဖြစ်ပါတယ်။
၂။ မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါဟာနေရာတော်တော်များများမှာအသုံးဝင်တဲ့ပစ္စည်းလြဲဖစ်ပါတယနော်။ခွက်ထဲသို့
မုန့်ဖုတ်ဆိုဒါနှစ်ဇွန်းနဲ့ရေနှစ်ဇွန်းရောစပ်ပြီးမွေလိုက်ပါ ။ မွေပြီးသားမုန့်ဖုတ်ဆိုဒါကိုချွေးပေါက်ကျယ်တဲ့နေရာတွေမှာ
maskအဖြစ်အသုံးပြု၍ မိနစ် ၁၅-၂၀ခန့်ထားလိုက်ပါ။ ထို့နောက်ရေအေးနှင့်မျက်နှာသစ်ချလိုက်ပါ။
ချွေးပေါက်ကျဉ်းစေမယ့်သဘာဝနည်းလမ်းတစ်ခုဖြစ်ပါတယ်။
၃။ သံပယိုသီးနဲ့ခရမ်းချဉ်သီး
ခရမ်းချဉ်သီး၏အတွင်းသားကိုခွက်အတွင်း၌ချေ၍ သံပယိုသီးအနည်းငယ်ညစ်ထည့်၍ရောမွေလိုက်ပါ။
မျက်နှာပေါ်မှချွေးပေါက်ကျယ်သောနေရာများတွင် လိမ်း၍ ၁၅/၂၀မိနစ်ခန့် ထားပေးပါ။
ထို့နောက်ရေအေးလေးနှင့်မျက်နှာသစ်ချလိုက်ပါ။ ချွေးပေါက်ကျဉ်း၍ ကြည်လင်သောအသားရည်ကိုပိုင်ဆိုင်စေမှာဖြစ်ပါတယ်။
Myanmar Wedding Guide