အမာရွတ်တွေဟာ တကယ်ကို စိတ်အနှောက်အယှက် ဖြစ်စရာကောင်းပါတယ်။
ခြေထောက်မှာအမာရွတ်တွေ ရှိနေတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းလျော့နည်းသလိုစိတ်ကျဉ်းကျပ်ပြီး ရှက်ရွံ့သလိုလည်းခံစားရပါတယ်။
ဒါ့ကြောင့် ဒီလိုစိတ်အနှောက်အယှက် ဖြစ်စရာကောင်းလွန်းတဲ့ အမာရွတ်တွေကို သက်သာပျောက်ကင်းသွားစေမယ့်
နည်းလမ်းကောင်းလေးတွေကို Myanmar Wedding Guide ကဖော်ပြပေးလိုက်ပါတယ် နော်။
၁။ ဗီတာမင် E အဆီ
ဗီတာမင် E ဆေးတောင့်လေးမှာ ပါဝင်တဲ့ အဆီလေးကိုဖောက်ထုတ်လိုက်ပါ။
ရလာတဲ့အဆီလေးကို အမာရွတ်တွေကို လိမ်းပေးကာ နှိပ်နယ်ပေးကာ ၁၅ မိနစ်ခန့် ထားလိုက်ပါ။
ပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးလိုက်ရုံပါပဲနော်။
၂။ သံပုရာရည်
သံပုရာရည်ကို ရေအနည်းငယ်ရောပြီး ဂွမ်းစလေးနဲ့တို့ကာအမာရွတ်ရှိတဲ့ အရေပြားပေါ်ကို ညအိပ်ရာ မဝင်ခင်တိုင်း လိမ်းပေးခြင်းဖြင့်
လပိုင်းမှာအမာရွတ်တွေလျော့နည်းပြီးပါးသွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။
၃။ ရှားစောင်းလက်ပက်
ရှားစောင်းလက်ပက်ကို ဖြတ်ပြီး အထဲက အနှစ်ကိုထုတ်ယူလိုက်ပါ။ ရလာတဲ့အနှစ်ကိုအမာရွတ်တွေအပေါ် တိုက်ရိုက်လိမ်းပေးလိုက်ပါ။
နေ့စဉ်ပုံမှန်လိမ်းပေးခြင်းဖြင့်အမာရွတ်တွေပျောက်ကင်း သက်သာသွားမှာပါနော်။
၄။ သခွားသီး
သခွားသီးကိုကြိတ်ပြီးရလာတဲ့အနှစ်ကိုသံပုယိုအနည်းငယ်ရောပြီး အမာရွတ်ဖြစ်တဲ့အရေပြားပေါ် လိမ်းပေးလိုက်ပါ။
နေ့စဉ်ပုံမှန် ဒီနည်းလမ်းလေးကို ပြုလုပ်ပေးခြင်းဖြင့် အမာရွတ်တွေ ပျောက်ကင်းသွားမှာပဲ ဖြစ်ပါတယ်။
၅။ သံလွင်ဆီ
သံလွင်ဆီကိုအနည်းငယ်အပူပေးပြီးရလာတဲ့ဆီနွေးနွေးကိုအမာရွတ်တွေပေါ်ကိုလိမ်းပေးကာစက်ဝိုင်းပုံ သဏ္ဍာန်နှိပ်နယ်ပေးပါ။
ညအိပ်ရာဝင်ခါနီးတိုင်းပြုလုပ်ပေးခြင်းဖြင့်အမာရွတ်တွေ အမြန်ဆုံးပျောက်ကင်းသွားမှာ ဖြစ်ပါတယ်နော်။
၁။ ဗီတာမင် E အဆီ
၂။ သံပုရာရည်
၃။ ရှားစောင်းလက်ပက်
၎။ သခွားသီး
၅။ သံလွင်ဆီ