အားလုံးပဲ မင်္ဂလာပါရှင့်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို ဗီတာမင်၁၃မျိုးရှိတဲ့အထဲကမှ အလှအပရေးရာအတွက် များစွာအထောက်အကူပြုပေးနိုင်တဲ့ဗီတာမင်တွေအကြောင်းဖော်ပြပေးချင်ပါတယ်။
1.Vitamin-A
Vitamin-A ပါဝင်သော အစားအစာများကို စားသုံးခြင်းဖြင့် ဝက်ခြံကြောင့် ဖြစ်ပေါ်သော ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်ပြီးနေလောင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အစက်အပြောက်တွေကို လျော့နည်းစေပြီး
အသားအရေ ပြန်လည်ကြည်လင်စေဖို့ ကူညီပေးနိုင်ပါတယ်။ဒါ့အပြင် Vitamin-A ဟာ အရေးအကြောင်းတွေကိုလည်း သက်သာစေတာကြောင့် အိုမင်းရင့်ရော်မှုကိုလည်း တားဆီးပေးနိုင်ပါတယ်နော်။
2. Vitamin-B
Vitamin-B ဟာ ဝက်ခြံ ယားယံခြင်း အသားခြောက်သွေ့ခြင်း နှုတ်ခမ်းကွဲအက်ခြင်းနဲ့ အရေးအကြောင်းတွေကို ခုခံကာကွယ်ပေးနိုင်ပါတယ်။
အရေပြားကို နေရောင်ခြည်ဒဏ်ပိုမိုခံနိုင်စေခြင်းအပြင်အရေပြားပေါ်မှာဖြစ်တတ်တဲ့ အနီစက်နဲ့ အဖုအပိန့်တွေကိုပါ သက်သာစေပါတယ်။ ဆံသားနဲ့ အရေပြားကို ထိရောက်မှုရှိစွာ ကောင်းမွန်စေပါတယ်။
3. Vitamin-C
VitaminCဟာအန်တီအောက်ဆီဒင့်ဓာတ်တွေကြွယ်ဝပြီးအရေပြားကျန်းမာရေးအတွက်အသက်သွေးကြောလို့တောင်ပြောလို့ရတဲ့အရာဖြစ်ပါတယ်။
Vitamin-C ဟာ အရေပြားဆဲလ်တွေအပေါ်မှာ ထိရောက်စွာ အကျိုးပြုပေးနိုင်ပြီးUltraviolet လို့ခေါ်တဲ့ UV ကိုတားဆီးပေးရုံသာမက
အရေပြားဆဲလ်အသစ်ဖြစ်ပွားမှုကိုအားပေးပြီးပျက်စီးနေသောအရေပြားဆဲလ်များကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။
4. Vitamin-D
Vitamin-D ဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ
တားဆီးပေးနိုင်တာကြောင့်အသားအရေ ကာကွယ်ဖို့အတွက် အကောင်းဆုံးအရာက Vitamin-D ပါပဲ။သူ့ရဲ့အဓိကလုပ်ဆောင်မှုကအရေပြားဆဲလ်တွေ ကြီးထွားမှုဇီဝဖြစ်စဉ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်တာပဲဖြစ်ပါတယ်။
5. Vitamin-E
Vitamin-E ဟာဆိုရင် အစွမ်းထက်တဲ့ Antioxidant ပါဝင်ပြီး အရေပြားပေါ်က UV damage ကိုလျှော့ချပေးပါတယ်။Vitamin-E ဆေးလုံးကိုဖောက်ပြီး မျက်နှာပေါ်မှာ
ပုံမှန်လိမ်းပေးမယ်ဆိုရင်တော့ အာဟာရဓာတ်ကို ပြည့်ဝစေပြီး အမာရွတ်တွေကိုပါ လျော့နည်းစေပါတယ်။
Vitamin-E ဟာ အသားအရေထဲကို လျင်မြန်စွာ စိမ့်ဝင်နိုင်တာကြောင့် ဝက်ခြံတွေနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်ဟောင်းတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။
Collagen ထွက်ရှိနှုန်းကိုလည်း အားပေးတာကြောင့် အရေပြားဆွဲဆန့်မှုနှင့် ရေဓာတ်ကို ပြည့်ဝစေပါတယ်။
ဒါကြောင့် အရေးအကြောင်းနဲ့ အသားခြောက်မှုတွေကိုလည်း လျှော့ချပေးနိုင်တာပဲ ဖြစ်ပါတယ်နော်
Crd-Hninn Yu San
Reference-noorvitamins.com
Zawgyi ျဖင့္ဖတ္ရန္...
အားလံုးပဲ မဂၤလာပါရွင့္။ဒီေန႔မွာေတာ့ Myanmar Wedding Guide ပရိတ္သတ္ေတြကို ဗီတာမင္၁၃မ်ိဳးရွိတဲ့အထဲကမွ အလွအပေရးရာအတြက္ မ်ားစြာအေထာက္အကူျပဳေပးနိုင္တဲ့ဗီတာမင္ေတြအေၾကာင္းေဖာ္ျပေပးခ်င္ပါတယ္။
1.Vitamin-A
Vitamin-A ပါဝင္ေသာ အစားအစာမ်ားကို စားသုံးျခင္းျဖင့္ ဝက္ၿခံေၾကာင့္ ျဖစ္ေပၚေသာ ေရာင္ရမ္းျခင္းေတြကို ေလွ်ာ့ခ်ေပးႏိုင္ၿပီးေနေလာင္မႈေၾကာင့္ ျဖစ္ေပၚလာတဲ့ အစက္အေျပာက္ေတြကို ေလ်ာ့နည္းေစၿပီး
အသားအေရ ျပန္လည္ၾကည္လင္ေစဖို႔ ကူညီေပးႏိုင္ပါတယ္။ဒါ့အျပင္ Vitamin-A ဟာ အေရးအေၾကာင္းေတြကိုလည္း သက္သာေစတာေၾကာင့္ အိုမင္းရင့္ေရာ္မႈကိုလည္း တားဆီးေပးႏိုင္ပါတယ္ေနာ္။
2. Vitamin-B
Vitamin-B ဟာ ဝက္ၿခံ ယားယံျခင္း အသားေျခာက္ေသြ႕ျခင္း ႏႈတ္ခမ္းကြဲအက္ျခင္းနဲ႔ အေရးအေၾကာင္းေတြကို ခုခံကာကြယ္ေပးႏိုင္ပါတယ္။
အေရျပားကို ေနေရာင္ျခည္ဒဏ္ပိုမိုခံႏိုင္ေစျခင္းအျပင္အေရျပားေပၚမွာျဖစ္တတ္တဲ့ အနီစက္နဲ႔ အဖုအပိန႔္ေတြကိုပါ သက္သာေစပါတယ္။ ဆံသားနဲ႔ အေရျပားကို ထိေရာက္မႈရွိစြာ ေကာင္းမြန္ေစပါတယ္။
3. Vitamin-C
VitaminCဟာအန္တီေအာက္ဆီဒင့္ဓာတ္ေတြႂကြယ္ဝၿပီးအေရျပားက်န္းမာေရးအတြက္အသက္ေသြးေၾကာလို႔ေတာင္ေျပာလို႔ရတဲ့အရာျဖစ္ပါတယ္။
Vitamin-C ဟာ အေရျပားဆဲလ္ေတြအေပၚမွာ ထိေရာက္စြာ အက်ိဳးျပဳေပးႏိုင္ၿပီးUltraviolet လို႔ေခၚတဲ့ UV ကိုတားဆီးေပး႐ုံသာမက
အေရျပားဆဲလ္အသစ္ျဖစ္ပြားမႈကိုအားေပးၿပီးပ်က္စီးေနေသာအေရျပားဆဲလ္မ်ားကိုလည္း ျပန္လည္ျပဳျပင္ေပးပါတယ္။
4. Vitamin-D
Vitamin-D ဟာ အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းမွ
တားဆီးေပးနိုင္တာေၾကာင့္အသားအေရ ကာကြယ္ဖို႔အတြက္ အေကာင္းဆုံးအရာက Vitamin-D ပါပဲ။သူ႕ရဲ႕အဓိကလုပ္ေဆာင္မႈကအေရျပားဆဲလ္ေတြ ႀကီးထြားမႈဇီဝျဖစ္စဥ္ေတြကို ျပန္လည္ျပဳျပင္ေပးႏိုင္တာပဲျဖစ္ပါတယ္။
5. Vitamin-E
Vitamin-E ဟာဆိုရင္ အစြမ္းထက္တဲ့ Antioxidant ပါဝင္ၿပီး အေရျပားေပၚက UV damage ကိုေလွ်ာ့ခ်ေပးပါတယ္။Vitamin-E ေဆးလံုးကိုေဖာက္ၿပီး မ်က္ႏွာေပၚမွာ
ပံုမွန္လိမ္းေပးမယ္ဆိုရင္ေတာ့ အာဟာရဓာတ္ကို ျပည့္ဝေစၿပီး အမာရြတ္ေတြကိုပါ ေလ်ာ့နည္းေစပါတယ္။
Vitamin-E ဟာ အသားအေရထဲကို လ်င္ျမန္စြာ စိမ့္ဝင္ႏိုင္တာေၾကာင့္ ဝက္ျခံေတြနဲ႔ ဝက္ျခံေၾကာင့္ျဖစ္တဲ့ အမာရြတ္ေဟာင္းေတြကို ကုသရာမွာ အသံုးဝင္ပါတယ္။
Collagen ထြက္ရွိႏႈန္းကိုလည္း အားေပးတာေၾကာင့္ အေရျပားဆြဲဆန္႔မႈႏွင့္ ေရဓာတ္ကို ျပည့္ဝေစပါတယ္။
ဒါေၾကာင့္ အေရးအေၾကာင္းနဲ႔ အသားေျခာက္မႈေတြကိုလည္း ေလွ်ာ့ခ်ေပးႏိုင္တာပဲ ျဖစ္ပါတယ္ေနာ္
Crd-Hninn Yu San
Reference-noorvitamins.com
Myanmar Wedding Guide