မေးစေ့ အောက်မှာ အဆီတက်နေတာ မှန်ကြည့်တိုင်း သတိထားမိလာတယ်။ ဒါကို မေး နှစ်ထပ် လို့ ခေါ်ကြတယ်လေ။ ဝလာတဲ့ လက္ခဏာ တစ်ခု ဖြစ်သလို တချို့တွေ လူမဝလည်း မေးစေ့အောက်မှာ အဆီရှိနေလို့ အဆင်မပြေ ဖြစ်တတ်ပါတယ်။
မျက်နှာလေး သွယ်လျ လှပနေဖို့ V shape ဆေးတွေ၊ နည်းလမ်းတွေတောင် သုံးကြတဲ့ ခေတ်မှာ မေးနှစ်ထပ် ဖြစ်နေလို့ ဘယ်ဖြစ်ပါ့မလဲလို့။ အဲဒါကြောင့် ဒါလေးတွေ လုပ်ကြည့်နော်။
ပီကေ
ပီကေ ဝါးရင် ပါးတွေ၊ မေးစေ့ တစ်ဝိုက် အစိတ်အပိုင်း အကုန်လုံး လှုပ်ရှားရတာမို့ လေ့ကျင့်ခန်း လုပ်သလို ဖြစ်စေနိုင်ပါတယ်။
ပီကေ ဝါးနေတဲ့ အချိန်ဆို မေးစေ့ ကလည်း အငြိမ်မနေရတဲ့ အတွက် မေးကို နှစ်ထပ် ဖြစ်စေတဲ့ အဆီတွေ လောင်ကျွမ်းသွားမှာပါ။
လေ့ကျင့်ခန်း
မေးအဆီ ကျစေမယ့် လေ့ကျင့်ခန်းတွေထဲက အကောင်းဆုံး ဥပမာ ကတော့ နှုတ်ခမ်း စူတဲ့ လေ့ကျင့်ခန်းပါပဲ။ ခေါင်းကို နည်းနည်းလေး အပေါ်မော့ပါ၊ နှုတ်ခမ်း နှစ်ခုကို စူနိုင်သလောက် ဖြည်းဖြည်းချင်း စူထုတ်ပါ၊ ၁၀ စက္ကန့်လောက် နေရင် ပြန်ဖြေလျှော့ပါ။
ကြက်ဥ
ကြက်ဥ အကာချည်း သက်သက်ကို ပျားရည်၊ သံပရာရည်၊ နို့ စားပွဲတင်ဇွန်း တစ်ဇွန်းစီ နဲ့ ရောခေါက်ပြီး မေးစေ့ တစ်ဝိုက်ကို သုတ်လိမ်းပေးပါ။
မိနစ် ၃၀ ကြာအောင် ထားပြီး ရေ ပြန်ဆေးချပါ။
တစ်နေ့ တစ်ကြိမ် လုပ်ပေးပါ။
Green tea
လက်ဖက်စိမ်း (green tea) လက်ဖက်ခြောက် ကို ရေနွေးထဲ ထည့်ခတ်ပြီး ပျားရည်လေး ရောပြီး ပူပူလေးသောက်ပေးပါ။
သံလွင်ဆီ
သံလွင်ဆီ ကို အပူနည်းနည်း ပေးပြီး မေးစေ့ အောက်နား ကို တစ်ညလုံး လိမ်းထား( ဒါမှမဟုတ် ) တစ်နာရီ နှစ်နာရီလောက် လိမ်းထားပြီး ရေဆေးချပါ။ တစ်နေ့ တစ်ကြိမ်လောက် လုပ်ပေးပါ။
သံလွင်ဆီ မှာပါတဲ့ ဗီတာမင် E ရဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြောင့် သင့်အသားအရေ ထိခိုက် ပျက်စီးတာကို တားဆီးပေးမယ့်အပြင် အရေပြားအတွက် လိုအပ်တဲ့ အစိုဓာတ်လည်း ရစေတာကြောင့် အသက်အရွယ်အရ ဖြစ်တဲ့ အသားအရေ လျော့တွဲလာခြင်း ကို အကောင်းဆုံး ကာကွယ်ပေးမှာပါ။
နှိပ်နယ်ခြင်း
မေးစေ့ နား တစ်ဝိုက်ကို နှိပ်နယ် ပေးတာကြောင့် သွေးလည်ပတ်မှု တွေ ကောင်းသွားပြီး မေးစေ့ မှာ စုနေတဲ့ အဆီတွေ လောင်ကျွမ်းသွားမှာပါ။ ဒီတိုင်း နှိပ်နယ်တာပဲ ဖြစ်ဖြစ် အဆီ တစ်မျိုးမျိုး လိမ်းပြီးပဲ နှိပ်တာပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။
Source Hello