BB Glow Treatment လုပ်မယ်ဆိုရင်တော့ ပြောပြထားတဲ့ အချက်တွေ အရင်ကြိုသိထားဖို့ လိုတယ်နော်။ ဒါဆိုရင်တော့ လုပ်သင့်မသင့်လည်း မြန်မြန်ဆုံးဖြတ်နိုင်မှာပါ။
Skin care တွေ ခဏထားလိုက်တော့ BB Glow Treatment လေး ခေတ်စားလာပြီနော်။ ခုခေတ်မှာ Skin Glow နေဖို့ က Skin care ပစ္စည်းတွေအပြင် Treatment တွေလည်း ပေါ်လာပြီနော်။ Treatment က အရင်လို ဝက်ခြံ၊ တင်းတိပ်၊ ဆားဝက်ခြံတွေအတွက် မဟုတ်ဘဲ မျက်နှာကြည်ကြည်လင်လင်လေး ဖြစ်ဖို့ အဓိကထားပြီး လုပ်ပေးတဲ့ Treatment ရှိလာပါပြီ။ အဲဒီလို မျက်နှာကြည်ကြည်လေးဖြစ်ပြီး မိန်းကလေးတွေ အကြိုက်များတာကတော့ BB Glow Treatment ပါပဲ။ ဒီတော့ ခေတ်စားနေတဲ့ BB Glow လေးက ဘယ်လိုမျိုးလဲ၊ ဘယ်လိုလူတွေ လုပ်ဖို့ အသင့်တော်ဆုံးလဲဆိုတာ သိထားဖို့ လိုတယ်နော်။
BB Glow Treatment ဆိုတာ ဘာလဲ
BB Glow Treatment ဆိုတာကတော့ မျက်နှာကြည်ကြည်လေးဖြစ်ပြီး တင်းတိပ်၊ ဝက်ခြံ၊ အမဲစက်နဲ့ အမာရွတ် လျော့စေပြီး မျက်နှာမှာ တင်းတင်းရင်းရင်းလေး ဖြစ်စေတဲ့အပြင် ပါးမို့နေရာလေးတွေမှာ ပါးနီလိမ်းထားသလိုလေး ရဲနေတာမျိုးပါ။ တချို့ကတော့ ပါးနေရာအတွက် ထည့်မလုပ်ကြပါဘူး။ BB Glow Treatment ဆိုကတော့ Micro needling method သုံးပြီး Glow စေမယ့် Serum ထည့်သွင်းတာမျိုးပါ။ Treatment လုပ်တဲ့အခါမှာလည်း Mask ကပ်တာ၊ Laser သုံးတာမျိုးတွေလည်း ပါပါတယ်။
BB Glow Treatment မလုပ်ခင်
BB Glow Treatment မလုပ်ခင်မှာ ကိုယ့်ရဲ့မျက်နှာအသားအရေပေါ် မူတည်ပြီး လိုအပ်တဲ့ Treatment တွေ ပေးဖို့လိုလားဆိုတာလည်း ကြည့်ပါသေးတယ်။ ဒါကတော့ ကိုယ်ရွေးချယ်တဲ့ ဆိုင်ပေါ်မူတည်ပြီး ကွဲပြားပါတယ်။ အများစုကတော့ အဲဒီလိုမျိုး ကြည့်ပေးကြပါတယ်။
အားသာချက်နဲ့ အားနည်းချက်က ဘာတွေလဲ
BB Glow Treatment လုပ်မယ်ဆိုရင် အသားအရေ မညီတာတွေ လျှော့ကျမယ်၊ အသားအရေ ကြည်ကြည်တောက်တောက်လေး ဖြစ်လာမယ်၊ အရေးအကြောင်းတွေ နည်းမယ်၊ မျက်လုံးနားက Lines တွေလည်း လျော့တာမျိုး ဖြစ်မယ့်အပြင် ပါးနေရာလေးမှာ Blusher လုပ်ထားသလိုမျိုး ဖြစ်နေမှာပါ။
အားနည်းချက်အနေနဲ့ကတော့ သူက တစ်ခါပြုလုပ်ပြီးရင် (၃) လလောက်ထိပဲ ခံပါတယ်။ တစ်ခါလုပ်ပြီး အကြာကြီး Glow နေတာမျိုးတော့ မဟုတ်ပါဘူးနော်။ ဆိုင်တွေမှာတော့ Package တွေရှိတာမို့ ကြိုပြီးဝယ်ထားရင်တော့ ပိုအဆင်ပြေမှာပါ။
ဘာတွေရှောင်ရမလဲ
BB Glow Treatment လုပ်ပြီးပြီဆိုရင်တော့ အားပြင်းတဲ့ မျက်နှာသစ်ဆေးတွေနဲ့ သစ်တာ၊ မိတ်ကပ်လိမ်းတာမျိုး မလုပ်ပါနဲ့ဦးနော်။ လုပ်ပြီးခါစမှာ မျက်နှာက နီရဲနေတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါကတော့ ဖြစ်တတ်ပါတယ်။ အရမ်းစိုးရိမ်ပြီး တခြားပစ္စည်းတွေ လိမ်းလိုက်တာမျိုး မလုပ်လိုက်ပါနဲ့နော်။
REF: www.askcares.com