ဆောင်းရာသီမှာစိတ်ညစ်စရာတစ်ခုက အသားပက်ခြင်းပါနော်။အစိုဓာတ်မရှိခြောက်သွေ့အက်ကွဲနေတဲ့ မျက်နှာအရေပြားပေါ်မှာ
မိတ်ကပ်ဘယ်လိုပဲလိမ်းလိမ်းအဆင်ပြေမှာမဟုတ်ပါဘူးနော်။
ဒါကြောင့် ဒီနေ့မှာ Myanmar Wedding Guide ပရိတ်သတ်တွေအတွက်အသားပက်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ဖို
့လွယ်ကူထိရောက်ပြီးအကုန်အကျနည်းတဲ့ နည်းလမ်းလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်နော်…
အရင်ဆုံး ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်းပြီး အထဲက အစေ့တွေကိုထုတ်လိုက်ပါ။
အစေ့တွေမရှိတော့တဲ့ခရမ်းချဉ်သီးခြမ်းနဲ့ မျက်နှာအနှံ့ အသာအယာ ပွတ်တိုက်ပေးပါ။
၁၀ မိနစ်လောက်ပွတ်တိုက်ပေးပြီးပြီဆိုရင်တော့ ရေနွေးနွေးနဲ့ဆေးချပါ။
ခရမ်းချဉ်သီးမှာဗိုက်တာမင်-စီ နဲ့ ဗိုက်တာမင်-အေပါဝင်တာကြောင့် ပုံမှန်ပြုလုပ်ပေးပါက မျက်နှာအသားအရေလေးကို ချောမွတ်ကြည်လင်စေပြီး အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
Myanmar Wedding Guide