အခုနောက်ပိုင်း မင်္ဂလာပွဲတွေမှာ ရှေးအရင်ကသတ်မှတ်ထားတဲ့ မင်္ဂလာအရောင်တွေအပြင် ခေတ်ရေစီးကြောင်းနဲ့ အညီ နှစ်တစ်နှစ်မှာ ခေတ်စားတဲ့ အရောင်တွေနဲ့လဲ ဝတ်ဆင်လာကြပါတယ်။
အဲ့တာကြောင့် ၂၀၂၁ မှာ မင်္ဂလာပွဲကျင်းပတော့မဲ့ မင်္ဂလာမောင်နှံလေးတွေအတွက် မင်မင်က ၂၀၂၁ မှာခေတ်စားလာမဲ့ အရောင်လေးတွေကို အပိုင်း ၂ ပိုင်းခွဲပြီးတင်ပြလိုက်ပါတယ်။ နောက်လာမဲ့ ၂၀၂၁ မှာ ရေပန်းစားလာမဲ့ တွေထဲကမှ အထင်ရှားဆုံးဖြစ်လာမယ့် အရောင် (၅) ရောင်ကို NewYork Pantone Colour ကနေ အခုလို ဖော်ပြထားပါတယ် ။
( ၁ ) Marigold
သူက ရွှေရောင်မှိန်မှိန်လေးဖောက်တဲ့ လိမ္မော်ရောင်လေး ပါ ။ အဝါဘက် နည်းနည်းကူးချင်ပြီး Warm Tone ကို ဖော်ဆောင်ပါတယ်။
( ၂ ) Cerulean
ဒီအရောင်ကတော့ ကောင်းကင်ပြာဖျော့ဖျော့လေးကိုမှ ခရစ်စတယ် လို လက်လက်လေး ဖောက်တဲ့ အရောင်ဖြစ်ပါတယ် ။ သူကတော့ Cool Tone Color ပေါ့ ။
( ၃ ) Rust
ဒီအရောင်လေး ကတော့ Rust ဆိုတဲ့အတိုင်း မြေကြီးညိုရောင် လေး ဖြစ်ပါတယ် ။ ဒါပေမဲ့ သူက နွေဉီး ရွက်ဝါ ဘက် အရောင်ဖောက်တာကြောင့် သူ့ကို အခုလာမဲ့ နွေရာသီအရောင် အဖြစ် သတ်မှတ်ထားကြပါတယ် ။
( ၄ ) Illuminating
သူကတော့ စိတ်ကိုပျော်ရွှင်စေတဲ့ ၊ အဝါရောင်လွင်လွင်လေးပါ။ နေသာတဲ့ နေ့လေးတစ်နေ့ ရဲ့ ကတိစကား ကိုဖော်ညွှန်းတဲ့ အရောင်လို့ ဆိုပါတယ်။
( ၅ ) French Blue
ဒီ အရောင် ကတော့ အပြာအလွင်တောက်ရောင်လေးပါ ။ သူက နွေရာသီ ပဲရစ်မြင်ကွင်းကို ဖော်ကျူးတဲ့ အရောင်လေးပါ ။ အဲ့တာကြောင့် Emily in Paris ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာဆို မင်းသမီး က ဒီ အရောင်လေး ကို အခြေခံပြီး ဝတ်သွားတာပါ။
Myanmar Wedding Guide
Source: Sayar.com