ပထမဦးဆုံး မြန်မာ့တွင်းထွက် ကျောက်မျက်ရတနာများဖြင့် ဖန်တီးထားသော မင်္ဂလာဝတ်စုံများကို
ရန်ကုန်မြို့၊ ဂန္ဓ္မာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်တွင်ရှိသော Grandamar Whole Sale Shopping Center တတိယထပ် Gandamar Grand Ballroom တွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက် နေ့ နံနက် ၇ နာရီမှ ည ၁၀ နာရီ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
Aroma Fashion Show 2018 ပြပွဲတွင် နာမည်ကြီး အနုပညာရှင်ပေါင်း ၂၀၀ ကျော်တို့ ပါဝင်မည်ဖြစ်ပြီး ပွဲကြီးတွင် ထူးခြားဆန်းပြားသော ဖက်ရှင် Design မျိုးစုံကို တစ်ပါထဲ တွေ့ရမည့်ပွဲကြီးဖြစ်ပါတယ်။
ရှိုးပွဲတွင် မြန်မာ့တွင်းထွက် ကျောက်မျက်ရတနာများဖြင့် ဖန်တီးထားသော မင်္ဂလာဝတ်စုံများစွာကို မြန်မာပြည်တွင် ပထမဦးဆုံး ထူးထူးခြားခြား တင်ဆက်ပြသပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
၎င်းအပြင် အထူးသက်သာသော Discount များနှင့် မင်္ဂလာပွဲတစ်ခုလုံးစာ ဝန်ဆောင်မှုများကိုလည်း စရံပေးသွင်းအပ်နှံရုံဖြင့် ရရှိနိုင်သည့်အပြင် အခြားအထူးအခွင့်အရေး ပေါင်းများစွာလည်း ထပ်မံရရှိစေမည့် လက်မလွှတ်သင့်သော ပွဲကြီးဖြစ်ကြောင်း သိရပါတယ်။
ယင်းရှိုးပွဲကို မည်သူမဆို သွားရောက်လေ့လာနိုင်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09-8611521, 09-32143739 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။