ယနေ့တင်ပြမည့်အကြောင်းအရာကတော့ မင်္ဂလာဝတ်စုံနှင့် ခန်းမအပြင်အဆင်ငှားရမ်းခ
ဈေးနှုန်းလေးတွေ တင်ပေးပါ့မယ်။
သတို့သမီးဝတ်စုံအပိုင်ဝယ်ယူသူများ အတွက် ကျပ် နှစ်သိန်းမှ ဆယ်သိန်းသိန်းကျော်အထိ၊ သတို့သမီးဝတ်စုံ ငှားရမ်းမည့်သူများအတွက် ကျပ် တစ်သိန်းခွဲမှ ခုနှစ်သိန်းကျော်အထိ ရှိပါတယ်။
သတို့သားဝတ်စုံငှားရမ်းသူများအတွက် တောင်ရှည်၊ တိုက်ပုံ၊ ခေါင်းပေါင်း ဆိုရင် ကျပ် ငါးသောင်းမှ တစ်သိန်းကျော်အထိရှိပါတယ်။
Fancy တစ်ဆင်စာ ငှားရမ်းမယ်ဆိုရင် ကျပ် တစ်သောင်းခွဲမှ ငါးသောင်းကျော်အထိရှိပါတယ်။ အရံများအတွက် Fancy ပစ္စည်းငှားရမ်းခမှာ ကျပ် တစ်သောင်းမှ နှစ်သောင်းကျော်အထိရှိပါတယ်။
သတို့သား၊ သတို့သမီး ရင်ကပ်ပန်းအတွက် ဆိုရင် ကျပ် ငါးထောင်ခန့် ကျသင့်ပါတယ်။ အရံများအတွက် ရင်ကပ်ရိုးရိုး ဆိုရင် တစ်ယောက် ကျပ်တစ်ထောင့်ငါးရာ ကျသင့်မှာဖြစ်ပါတယ်။ အရံလက်ကိုင်ပန်းအတွက် ကျပ် တစ်သောင်းခွဲ ကျသင့်မှာဖြစ်ပါတယ်။
ခေါင်းအလှဆင်ဆံထိုး၊ ပန်းခက် တစ်ဆင်စာ ကျပ် တစ်သောင်းခွဲ၊ သတို့သမီးလက်ကိုင်ပန်းအရှည် (သို့မဟုတ်) သတို့သမီးလက်ကိုင်ပန်းအ၀ိုင်း (သို့မဟုတ်) ပန်းခြင်းဆိုရင် ကျပ် နှစ်သောင်းခွဲ ခန့်ကုန်ကျမှာဖြစ်ပါတယ်။
သတို့သမီးအရံများအတွက် ၀တ်စုံငှားရမ်းခမှာ ကျပ် သုံးသောင်းခွဲမှ ခုနှစ်သောင်းအထိ ရှိပြီး သတို့သားအရံများအတွက် ၀တ်စုံငှားရမ်းခမှာ ကျပ် တစ်သောင်းမှ နှစ်သောင်းကျော်အထိရှိပါတယ်။
အောင်စံပယ်ပန်းကုံးနှင့် ကြဲပန်းအတွက် ကျပ်နှစ်သောင်းဖြစ်ပါတယ်။ ကားအလှဆင်ဖို့အတွက် ကုန်ကျစရိတ်မှာ ကျပ်နှစ်သောင်းမှ ကျပ်သုံးသောင်းအထိရှိပါတယ်။
ပန်းတိုင်နှင့် ပန်းအိုး ကျသင့်ငွေမှာ ကျပ် နှစ်သောင်းငါးထောင်မှ သုံးသောင်းငါးထောင်အထိ ရှိပါတယ်။
ကလပ်၊ ဖလား၊ ပန်း ငှားရမ်းခမှာ ကျပ် သုံးထောင်မှ ရှစ်ထောင်အထိရှိပြီး ပန်းကလပ်တစ်ခုဆိုရင် တစ်သောင်းကျော်ရှိပါတယ်။
ပန်းမုဒ်ဦးဆိုရင် ကျပ် တစ်သိန်းခွဲမှ နှစ်သိန်းငါးသောင်းအထိ ကုန်ကျမှာဖြစ်ပါတယ်။