Fashion ရေစီးကြောင်းဆိုတာကတော့ အချိန်နဲ့လိုက်ပြီး ပြောင်းလဲနေတတ်တာမျိုးပါ။ ဒီလိုအချိန်မှာ လူကြိုက်များတဲ့ ဝတ်စုံကို ရွေးချယ်လိုက်တာမျိုးကို
ရှောင်ပါ။
မင်္ဂလာဝတ်စုံလေးတွေကို ရွေးချယ်တော့မယ်ဆိုရင်တော့ ဘယ်လိုပုံစံမျိုးကို ရွေးချယ်လိုက်ရမလဲ ဆိုတာကို သေချာရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။သတို့သမီးလေးနဲ့အလိုက်ဖက်ဆုံးဝတ်စုံကို
ရွေးချယ်နိုင်ဖို့အတွက်ကတော့လိုက်နာရမယ့်အချက်လေးတွေရှိသလို ရှောင်ရှားရမယ့်အချက်လေးတွေလည်းရှိပါတယ်။အခုတစ်ခါပြောပြပေးချင်တာကတော့ ရှောင်ရမယ့်အချက်လေးတွေအကြောင်းပဲ
ဖြစ်ပါတယ်။ အလန်းဆုံး မင်္ဂလာဝတ်စုံလေးတွေကို ယုံကြည်မှုရှိရှိ ဝတ်ဆင်နိုင်ဖို့ ကိုလည်း ပြောပြထားပါတယ်။
လှတာထက် လိုက်ဖက်တာကိုရွေးချယ်ပါ
ဒီအချက်ကတော့ခဏတိုင်းမှားတတ်တဲ့အချက်လို့ဆိုရမှာပါ။လှတဲ့အရာတိုင်းကလိုက်ဖက်ညီမယ်လို့ တွေးတတ်ကြပါတယ်။လှတဲ့အရာတိုင်းကမလိုက်ဖက်ပါဘူးနော်။ဒီအတိုင်းပါပဲ။လိုက်ဖက်တဲ့အရာတိုင်းကလည်း
လှတာမဟုတ်ပါဘူးနော်။မင်္ဂလာဝတ်စုံလေးတွေကလည်းဒီလိုပါပဲ။တချို့ဝတ်စုံကတော့ဝတ်စုံချည်းဆိုရင်သိပ်လှပေမယ့်တချို့သတို့သမီးလေးတွေနဲ့ကျမလိုက်ဖက်တော့တာမျိုးပါ။ဒါမယ့်တချို့ဝတ်စုံတွေကတော့ဝတ်စုံချည်း
ဆိုရင်သိပ်မထူးခြားသလိုလိုနဲ့တကယ်တန်းဝတ်လိုက်မယ်ဆိုရင်တော့လိုက်ဖက်ညီနေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။အဲ့တာကြောင့်ဝတ်စုံကို ရွေးချယ်တဲ့အချိန်မှာလှတဲ့ဝတ်စုံကို ရွေးချယ်တာမျိုးကို ရှောင်ပြီး လိုက်ဖက်ညီ
တာကို ရွေးချယ်လိုက်ပါနော်။
လူကြိုက်များတာကို ရှောင်ပါ
Fashion ရေစီးကြောင်းဆိုတာကတော့ အချိန်နဲ့လိုက်ပြီး ပြောင်းလဲနေတတ်တာမျိုးပါ။ ဒီလိုအချိန်မှာ လူကြိုက်များတဲ့ ဝတ်စုံကို ရွေးချယ်လိုက်တာမျိုးကို ရှောင်ပါ။ အပေါ်က ပြောပြထားသလိုပါပဲ။
လူကြိုက်များပြီးသိပ်လှတဲ့ဝတ်စုံဆိုတာနဲ့သတို့သမီးလေးတို့နဲ့လိုက်ဖက်လိမ့်မယ်လို့မတွေးလိုက်ပါနဲ့နော်။လူကြိုက်များတိုင်းလိုက်ဖက်ညီမှာမဟုတ်ပါဘူး။လူကြိုက်များလို့လိုက်ရွေးလိုက်တာမျိုးကို ရှောင်ပါ။
လူကြိုက်များတဲ့ဝတ်စုံဆိုရင်လည်းကိုယ်နဲ့လိုက်မလိုက် သေချာ ပြန်ဝတ်ဆင်ကြည့်ပါနော်။ ပြီးမှ လိုက်ဖက်တယ်ဆိုမှ ရွေးချယ်လိုက်ပါနော်။
ပြောပြပေးထားတာလေးတွေကို ဖတ်ကြည့်ပေးပြီး သတို့သမီးလေးတို့နဲ့ အလိုက်ဖက်ဆုံး မင်္ဂလာဝတ်စုံကို ရွေးချယ်လိုက်နိုင်ပါစေလို့ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်နော်။ မင်္ဂလာဝတ်စုံလေးကို
စိတ်တိုင်းကျ ဖန်တီးချင်တယ်ဆိုရင်ဘာတွေ လိုမလဲဆိုတာကိုလည်း ပြောပြထားပါတယ်။
Credit;Marry
Readmore;တကယ်ချစ်မှ ဖြစ်ပေါ်လာတတ်တဲ့ လက္ခဏာများ