ကျက်သရေ ရှိလှတဲ့ပုစွန်ဆီရောင် ဆန်တဲ့ သခွါး ရွှေရောင်သတို့သမီးလေးနဲ့ လိုက်ဖက်ညီတဲ့ ဒီ စိန်စီလက်ကိုင်ပန်းလေးအလှကို ပြန်လည် ဝေမျှလိုက်ရပါတယ်။
မင်္ဂလာပွဲလေးအလယ်မှာ အလှပဆုံး မင်းသမီးလေးဖြစ်နေရမယ့်သတို့သမီးလေးအတွက်ကတော့အလှဆုံးဖြစ်စေမယ့်အရာလေးတွေကိုသေချာပြင်ဆင်ပေးတတ်မှဖြစ်မှာပါ။ပြင်ဆင်တဲ့အချိန်မှာလည်း သူများတွေနဲ့ မတူတဲ့ပြင်ဆင်မှုမျိုးကိုပြင်ဆင်ချင်တဲ့သတို့သမီးလေးအတွက်အခုပြန်လည်ဝေမျှပေးချင်တာကတော့စိန်တွေစီခြယ်ထားတဲ့သတို့သမီးလက်ကိုင်ပန်းလေးအကြောင်းပဲဖြစ်ပါတယ်။
သတို့သမီးလေးရဲ့အလှကို အကောင်းဆုံး ပံ့ပိုးပေးမယ့်အရာလေးတွေ အထဲမှာလက်ကိုင်ပန်းလေးကိုတော့မေ့ထားလို့ မရပါဘူး။ မင်္ဂလာပွဲလေးမှာသတို့သမီးလေးရဲ့အလှတွေကို သိသာစေမယ့်အရာလေးတွေ အထဲမှာ လက်ကိုင်ပန်းကလည်း အဓိကနေရာမှာ ရှိနေမှာပါ။ လက်ကိုင်ပန်းလေးကို သတို့သမီးဝတ်စုံလေးနဲ့ လိုက်ပြီး အလှဆုံးပြုလုပ်တတ်ပါတယ်။ အခုတစ်ခါ ရွေးချယ်ပေးမယ့် သတို့သမီးလက်ကိုင်ပန်းကတော့ပန်းတွေကိုစိန်တွေနဲ့ရောပြီးပြုလုပ်ထားတဲ့လက်ကိုင်ပန်းလေးပဲဖြစ်ပါတယ်။
ကျက်သရေ ရှိလှတဲ့ပုစွန်ဆီရောင် ဆန်တဲ့ သခွါး ရွှေရောင်သတို့သမီးလေးနဲ့ လိုက်ဖက်ညီတဲ့ဒီစိန်စီလက်ကိုင်ပန်းလေးအလှကတော့ မင်္ဂလာပွဲလေးကို ပိုမို အသက်ဝင်လှပစေနိုင်ပါတယ်။ မင်္ဂလာပွဲလေး ပြီးပြည့်စုံအောင် လှပနေဖို့ အတွက်ကတော့ သတို့သမီးလေး အလှကို အကောင်းဆုံးပံ့ပိုးပေးနိုင်မယ့်အရာလေးတွေကိုပဲသေချာရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်။
သတို့သမီးလေးတို့လည်း အခုပြောပြပေးတဲ့လက်ကိုင်ပန်းလေးကို ကြည့်ပေးပြီး ကိုယ့်အလှည့်ကျရင် ဘယ်လို လက်ကိုင်ပန်းမျိုးကိုရွေးချယ်လိုက်မလဲ ဆိုတဲ့အကြံကောင်းတွေ ရရှိနိုင်ပါစေလို့ဝမျှပေးလိုက်ရပါတယ်။
Credit;Marry