မင်္ဂလာပွဲကျင်းပဖို့အတွက် နေရာရွေးချယ်ရာတွင် ကိုယ့်ဘက်ကလည်းအဆင်ပြေ၊
လာတဲ့ဧည့်သည်များလည်း အဆင်ပြေပြီး သင့်လျော်အောင် ခမ်းနားတဲ့နေရာမျိုးဖြစ်ပါတယ်။
မင်္ဂလာရက်က သေချာရင် ရာသီဥတုကိုလည်း ထည့်သွင်းစဉ်းစားပြီး ကိုယ့် ဘတ်ဂျက်ပေါ်လည်း မူတည်တဲ့ အတွက်ကြောင့် ဟိုတယ်လား၊ ခန်းမလား၊ ဘုန်းကြီးကျောင်းလား၊ ရေကူးကန်ဘေးလား၊ ပန်းခြံလား ဆိုတာ ကို ရွေးချယ်ဖို့ လိုလာပါပြီ။
နှစ်ဦးနှစ်ဘက်သဘောကျကျေနပ်စွာ ရွေးချယ်ပြီးလို့ စရံချေတော့မယ်ဆိုရင်တော့ အောက်ပါမေးခွန်းများကို ပြန်စစ်ဆေးကြည့်စေချင်ပါတယ်။
- လိုချင်တဲ့နေရာ ရနိုင်မလား။
- ဒီနှစ်ထဲမှာ စရိတ်သက်သာစေမယ့် ရက်နဲ့အချိန်တွေ ကျန်သေးလား။
- ခန်းမအကျယ်က ဘယ်လောက်လဲ။
- ခန်းမရဲ့အခြေအနေကကော ဘယ်လိုရှိသလဲ။
- လက်ထပ်တာက တစ်နေရာဖြစ်နေရင် ဧည့်ခံတဲ့နေရာကို လာဖို့ ဘယ်လောက်ဝေးသေးလဲ။
- ဧည့်ခံခန်းမအပိုနဲ့ ဘေးနေရာတွေအတွက် ထပ်ပေးရမယ့်စရိတ်ရှိသေးလား။
- ခန်းမထဲမှာ အများဆုံး ဘယ်လောက်ဆန့်သလဲ။
- အနည်းဆုံး ဧည့်သည်အရေအတွက်ကို အာမခံပေးထားရမလား။
- လာမည့်ဧည့်သည်က ဘီးတပ်ကုလားထိုင်နဲ့ သွားနိုင်၊ တက်ဆင်းနိုင်လို့ အဆင်ပြေလား။
- လက်ထပ်ပွဲလုပ်နိုင်တဲ့ ခန်းမအပိုတွေရှိဦးမလား။
- ရှုမျှော်ခင်းတွေမြင်နိုင်တဲ့နေရာလား။
- ဒီနေ့ရဲ့ ဘယ်အချိန်တွေမှာ ဒီခန်းမမှာပဲ တခြားဘာပွဲတွေ ရှိနေသေးသလဲ ဆိုတာကို ပြန်စစ်ဆေး ကြည့်သင့်ပါတယ်။