လေဟာပြင်မှာ လက်ထပ်ပွဲကျင်းပတာလောက် ခမ်းနားထည်ဝါတာမရှိပါဘူး။ ဒါပေမယ့်
လျှပ်စစ်မီးပျက်လပ်မှုတွေ၊ စိတ်မချရတဲ့ ရာသီဥတုအခြေအနေတွေကြောင့် မင်္ဂလာပွဲပျက်ဖို့ ဖန်လာတတ်ပါတယ်။
သင့်အနေနဲ့ ပင်လယ်နားမှာပဲဖြစ်ဖြစ်၊ ရေကန်နဘေးမှာပဲဖြစ်ဖြစ်၊ ခြံထဲမှာဖြစ်ဖြစ်၊ စပျစ်ဥယျာဉ် (သို့) ပန်းခြံထဲမှာဖြစ်ဖြစ် မင်္ဂလာပွဲကျင်းပချင်တယ်ဆိုရင်တော့ သတိထားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
- ဧည့်သည်တွေအတွက် လိုအပ်လာမယ့် အသုံးအဆောင်တွေကို မမေ့ပါနဲ့။
ခေါက်သိမ်းလို့ရတဲ့ ဧည့်ခန်းအသုံးအဆောင်တွေကို သုံးလို့ရပါတယ်။ ဒါပေမယ့် ဒီလိုသုံးဖို့ လျှပ်စစ်တွေ၊ ရေပိုက်ခေါင်းတွေ တပ်ဆင်ဖို့ လိုအပ်မှာဖြစ်လို့ သင့်တော်တဲ့အဆောက်အဦးနဲ့ နီးနီးကပ်ကပ်ထားတာပိုကောင်းပါလိမ့်မယ်။
နောက်ပြီး ဧည့်သည်တွေအတွက် ကိုယ်လက်ဆေးကြောသန့်စင်ဖို့ ရေချိုးခန်း (သို့) သန့်စင်ခန်း အနီးအနားမှာ ရှိနေဖို့လည်း လိုပါလိမ့်မယ်။