Karaweik Palace သည် ရန်ကုန်မြို့၊ ကန်တော်ကြီးဝင်းအတွင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တည်ရှိပါတယ်။
မြန်မာဆန်ဆန်မင်္ဂလာဆောင်မည့်သူများအတွက် ယင်းနေရာတွင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များရှိခြင်း၊ ရှုခင်းလှပမှုရှိခြင်းကြောင့် မင်္ဂလာမောင်နှံအတွက် ဓာတ်ပုံကောင်းများ ရိုက်နိုင်သည့် နေရာတစ်ခုဖြစ်ပါတယ်။
ယင်း Karaweik Palace တွင် ကုမ္ပဏီအစည်းအဝေးပွဲများ၊ မိသားစုမိတ်ဆုံစားပွဲများ၊ မွေးနေ့ပွဲများ၊ စေ့စပ်မင်္ဂလာပွဲများနှင့် လက်ထပ်မင်္ဂလာပွဲများကို ကျင်းပသည့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။
မင်္ဂလာအချိန်များကို နံနက် ၉ နာရီမှ နေ့လည် ၃ နာရီအထိ ကြိုက်နှစ်သက်တဲ့ အချိန် ၂ နာရီကြာ ယူလို့ရနိုင်ပါတယ်။
မင်္ဂလာခန်းမဈေးနှုန်းများမှာ ဧည့်သည်အယောက် ၂၀၀ နှင့် အထက်ဆိုလျှင် ခန်းမကြေး ၇ သိန်း ပေးဆောင်ရမည်ဖြစ်ပြီး ဧည့်သည်အယောက် ၂၀၀ အောက်ဆိုလျှင် ခန်းမကြေး ၁၀ သိန်းကို ပေးချေရမှာဖြစ်ပါတယ်။
မင်္ဂလာဆောင်ဖို့ သေချာပြီဆိုရင်ဖြင့် စရံငွေအဖြစ် ငါးဆယ်ရာခိုင်နှုန်းကို အရင်ပေးချေထားရမှာဖြစ်ပါတယ်။
မင်္ဂလာပွဲနှင့် ပတ်သက်သည့် အစီအစဉ်များနှင့် ခန်းမအပြင်အဆင်များကို စိတ်တိုင်းကျ မိမိအစီအစဉ်ဖြင့် ကိုယ်တိုင်အခမ်းအနားပြင်ဆင်ရမည်ဖြစ်ပြီး Karaweik Palace မှ နောက်ခံစာသားရေးပေးခြင်းနှင့် သတို့သမီးအတွက် မိတ်ကပ်အခန်းကိုတော့ စီစဉ်ပေးမှာဖြစ်ပါတယ်။
ညစာစားပွဲကို ညနေ ၆ နာရီမှ ည ၉ နာရီအထိ ဖြစ်ပါတယ်။ ညစာစားပွဲတွင် International Buffet ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးလျှင် ဧည့်သည်အယောက် ၂၀၀ အထိကို သိန်း ၇၀ ကျသင့်မှာဖြစ်ပါတယ်။
အစားအသောက်ဈေးနှုန်း
စဉ် | အမျိုးအစား | တစ်ယောက်ကုန်ကျစရိတ် |
၁ | မုန့် ၃ မျိုးမှ မုန့် ၆ မျိုးအထိနှင့် ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် | ၁၀,၀၀၀ ကျပ် မှ ၁၅,၀၀၀ ကျပ် |
၂ | ဒံပေါက်၊ ထောပတ်ထမင်းနှင့် ရေခဲမုန့် | ၁၅,၀၀၀ ကျပ် |
ကန်ရိပ်သာလမ်း၊ ကန်တော်ကြီးဝင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၂၉၅၇၄၄၊ ၀၁-၂၄၉၂၅၅~၉၊ ၀၁-၃၉၄၈၃၇~၉