သူနဲ့ကိုယ်နဲ့ လမ်းခွဲသင့်ချိန်ဆိုတာ မစဉ်းစားချင်ပင်မဲ့လည်း အကြောင်းကြောင်းကြောင့် ဖြစ်လာတတ်ပါတယ်။
ဒီလိုအချိန်ဆိုတာ သူ့ဘက်က ဘယ်လို ပြုမူတတ်လာသလဲဆိုတာကို ကြည့်လိုက်မယ်နော်။
ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ လူကိုအရူးလုပ်တယ်။
တခါတလေ လူရှေ့မှာ အမှားလေးလုပ်မိပါတယ်။ ပြောလို့မဆုံးတော့ဘူး။ ဒါမျိုးတွေကို ခွင့်လွှတ်သင့်ပါတယ်။
ချစ်တယ်ဆိုတဲ့ အကြောင်းကို ပါးစပ်ကမပြောနဲ့ ရုပ်မှာလဲ မပေါ်တော့ပါ။
ချစ်တယ်ဆိုတဲ့အကြောင်းကို ချစ်သူကို ပြောတယ်ဆိုတာ ခက်တဲ့အကြောင်း မဟုတ်ပါ။
ယုယမှု၊ ကြင်နာမှုတွေ မရှိတော့ပါ။
ဒီလိုမျိုးအဆင့်ကိုရောက်နေပြီဆိုရင်တော့ ပြဿနာရှိတယ်နော်။
အတူတူရှိနေချိန်ဆိုတာ စိတ်ညစ်စရာလို့ တွေးနေတယ်။
အလုပ်များလို့ဆိုပြီး အမျိုးမျိုးငြင်းပြီး အကြောင်းအမျိုးမျိုးပြ၊ အတူတူရှိနေချိန်မှာလည်း ကိုယ့်ကို စိတ်မဝင်စားရင်တော့ ခက်ပြီ။
သူ့အကြောင်းကို မပြောဖြစ်တော့ပါ။
သူငယ်ချင်းတွေနဲ့ သွားလာနေချိန်မှာလည်း အရင်ကဆို သူ့အကြောင်းကို ပြောဖြစ်ပေမယ့်လည်း အခုတော့ ပြောချင်တော့ပါ။
မုန့်လည်း မဝယ်ကျွေးတော့ပါ။
အရင်တုန်းလို မုန့်သွားစားမယ်ဆိုရင် သူကကျွေးခဲ့ပင်မဲ့လည်း အခုတော့ ကိုယ်ကပဲပေးနေရတော့တယ်။
ကိုယ့်ရဲ့စိတ်ညစ်စရာ စကားလေးတွေကိုလည်း နားမထောင်ပေးတော့ပါ။
အလုပ်ထဲမှာ၊ ကျောင်းမှာ စိတ်ညစ်စရာလေးတွေနဲ့ ကြုံနေရချိန်မှာ သူကကိုယ့်ကို နှစ်သိမ့်ပေးခဲ့ပေမယ့်လည်း အခုတော့ ကိုယ့်ရဲ့စကားလေးတွေကိုလည်း နားမထောင်တော့ပါ။
လက်ကိုလည်း မကိုင်တော့ပါ။
အရင်တုန်းကဆို အပြင်သွားရင် လက်တွဲပြီး လမ်းလျှောက်ဖြစ်ပေမယ့်လည်း အခုတော့ ကိုယ့်ရဲ့လက်ကို ကိုင်ကို မကိုင်တော့ပါ။
ဦးစားပေးတာတွေလည်း မရှိတော့ပါ။
ဘယ်သွားသွား သူကနေ မိန်းကလေးဖြစ်သူကို ဦးစားပေး တံခါးဖွင့်ပေးခဲ့တာတွေလည်း အခုတော့ မရှိတော့ပါ။
ကိုယ်ရဲ့အိမ်မက် ရည်မှန်းချက်တွေကိုလည်း အားမပေးတော့ပါ။
ကိုယ့်ရဲ့ဘဝ ရည်မှန်းချက်တွေကို အားပေးမယ်ဆိုတဲ့ သူ့ရဲ့စကားလေးတွေလည်း မကြားရတော့ပါ။
ကိုယ့်အနားမှာ မထိုင်နိုင်တော့ပါ။
ဘယ်သွားသွား အနားမှာထိုင်ပေးပေမယ့်လည်း အခုတော့ ဝေးဝေးမှာ ထိုင်နေတာ ဘာကြောင့်လဲ။
ကိုယ့်အပြစ်ကို ဝန်မခံပါ။
သူမှားနေတဲ့ကိစ္စကို မှားပါတယ်လို့ ဝန်မခံတော့ပါ။
အရမ်းချုပ်ခြယ်ချင်လာတယ်။
ဘယ်သွားသွား၊ ဘာလုပ်လုပ် ကိုယ့်ရဲ့အခွင့်အရေးဖြစ်ပေမယ့်လည်း သူ့ရဲ့ချုခြယ်မှုတွေက ပြင်းထန်လာတယ်။
ဘာလုပ်လုပ် စိတ်တိုနေတယ်။
ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကြောင့် ဒေါသမီးတောက်နေတတ်တယ်။
ဗိုက်စာလာရင်လည်း လူကိုမဲတယ်။
ဗိုက်စာနေတာကို အကြောင်းပြပြီး ကိုယ့်ကို ဆက်ဆံတာက ရိုင်းလာပြီး လူကိုမဲလာရင်တော့ မကောင်းပါ။
စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ကိုယ့်ကိုပိုပြီး မဲတယ်။
အလုပ်ကြောင့်၊ မိသားစုကိစ္စတွေကြောင့် ပင်ပန်းပြီး စိတ်ညစ်နေရချိန်မှာ လူကို ပိုပြီး ပြဿနာရှာသူကတော့ မုန်းစရာအကောင်းဆုံးပါ။
ငါက မင်းထက် ပိုသိတယ် ပိုတတ်တယ်။
ချစ်သူတွေမှာ တစ်ယောက်နဲ့တစ်ယောက် ပြိုင်စရာ ဆရာလုပ်စရာ မလိုဘူးလို့ ထင်ပါတယ်။
မိသားစုနဲ့လည်း ပေါင်းသင်းဆက်ဆံမှုက အဆင်မပြေတော့ပါ။
ကိုယ့်ရဲ့ မိဘတွေနဲ့လည်း တွေ့ရင် အရင်တုန်းကလို ပျော်ပျော်ရွှင်ရွှင် မရှိတော့ပါ။
လက်ဆောင်လည်း မရှိတော့ပါ။
မင်းကြိုက်တဲ့ ပစ္စည်းမရှိလို့ဆိုပြီး လက်ဆောင်တွေလည်း မဝယ်ပေးတော့ပါ။
ဒုက္ခရောက်နေချိန်မှာ အနားမှာ မရှိတော့ပါ။
ဒုက္ခတွေနဲ့ကြုံနေရချိန်မှာ သူကအနားကို မကပ်တော့ပါ။
ကိုယ့်ရဲ့အောင်မြင်မှုကို မနာလိုဖြစ်နေပြီ။
ကိုယ့်ရဲ့အောင်မြင်မှုလေးတွေကို သူကအားပေးရမဲ့နေရာမှာ အခုတော့ အပြစ်တွေပြောနေပြီ။
အစီအစဉ်တွေကို လွယ်လွယ်နဲ့ဖျက်တတ်လာပြီ။
အားတဲ့ရက်မှာ အတူတူသွားမယ်လို့လုပ်ထားတဲ့ကိစ္စလေးကို အကြောင်းအမျိုးမျိုးပြပြီး ဖျက်တတ်လာပြီ။
ကတိဆိုတာကိုလည်း မေ့သွားပြီ။
ကတိစကားကို လွယ်လွယ်နဲ့ ဖောက်ဖျက်တတ်လာပြီ။
ကူညီအားပေးမှု မရှိတော့ပါ။
ကိုယ်ကနေမကောင်းချိန်မှာ အားငယ်နေချိန်မှာ ဘယ်လိုခေါ်ခေါ် မလာတော့ပါ။