အရာရာတိုင်းမှာ စည်းမျဥ်းဆိုတာရှိပါတယ်။ လိုက်နာနိုင်တဲ့သူအတွက် အရမ်းကို ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိနိုင်သလို၊ မလိုက်နာနိုင်တဲ့သူတွေအတွက်ကျတော့ ကောင်းမွန်တဲ့အရာတွေနဲ့ လွဲချော်ရတတ်ပါတယ်။
ချစ်သူက သင့်ကို အနိုင်ယူတာ၊ အထင်အမြင်သေးတာမျိုးမဖြစ်ချင်ဘူးဆိုရင်တော့ တန်ဖိုးထားလေးစားခံရအောင် နေတတ်ဖို့လိုပါတယ်။ ခုဖော်ပြပေးမှာကတော့ ယောကျာ်းတစ်ယောက်ရဲ့ တန်ဖိုးထားလေးစားမှုကို ခံချင်ရင် လိုက်နာရမယ့် အချက်လေးတွေပဲဖြစ်ပါတယ်။ အသေးအမွှားလေးတွေလို့ ထင်ရပေမယ့် တကယ်တမ်းက အရမ်းအရေးကြီးတဲ့ အရာတွေဖြစ်ပါတယ်။
(၁) ယောကျာ်းတစ်ယောက်က ဖုန်းဆက်တဲ့အခါတွေမှာ ချက်ချင်းကိုင်တာမျိုး၊ မအားတဲ့ကြားထဲကနေ မရရအောင် ကိုင်တာမျိုးတွေမလုပ်ပါနဲ့။ တစ်ခါတလေမှာ အားနေရင်တောင် တမင်မကိုင်ပဲ ထားလိုက်ပါ။ ၂ခါ၊ ၃ခါ ဆက်တိုက်ခေါ်မှ ကိုင်ပါ။
(၂) ယောကျာ်းတစ်ယောက်က စာပို့တဲ့အခါတွေမှာလည်း မလိုအပ်တဲ့ စကားတွေ အရှည်ကြီး စာပြန်တာမျိုးမလုပ်ပါနဲ့။ တိုတိုနဲ့ ရှင်းရှင်းပဲ စာပြန်ပါ။
(၃) သင့်ကို စာပို့တဲ့အခါ ချက်ချင်းစာပြန်တာမျိုးလည်း မလုပ်ပါနဲ့။ အနည်းဆုံး နာရီဝက်လောက် အချိန်ယူပြီးမှ စာပြန်ပါ။
(၄) ဘာလို့ စာမပြန်တာလဲ ဆိုတဲ့မေးခွန်းမျိုးမေးလာခဲ့ရင်လည်း စာမပြန်ပါနဲ့။ သိချင်ရင် ဖုန်းဆက်ပါစေ။
(၅) သင့်ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဘယ်သွားတယ်၊ ဘာလုပ်တယ်၊ ဘယ်သူတွေနဲ့ ရှိနေတယ်ဆိုတာမျိုးတွေကို မတင်ပါနဲ့။ သင်ဘာတွေ လုပ်နေတယ်၊ ဘယ်သူတွေနဲ့ ရှိနေတယ်ဆိုတာကို သူအရမ်းစိတ်ဝင်စားနေမှာဖြစ်ပါတယ်။
(၆) ညသန်းခေါင်တွေမှာ ဖုန်းဆက်လာခဲ့ရင် ဒါမှမဟုတ် စာပို့လာခဲ့ရင် ဖုန်းကိုင်တာမျိုး၊ စာပြန်တာမျိုးတွေ မလုပ်ပါနဲ့။ များသောအားဖြင့် ဒီလိုအချိန်တွေမှာ ဆက်သွယ်တယ်ဆိုတာ သတိရလို့ဆိုတာထက် တဏှာစိတ်ကြောင့် ဆက်တာမျိုးပါ။
(၇) သူ့ရဲ့ ပို့စ်တွေတိုင်းမှာ Like, comment တွေ အမြဲမပေးပါနဲ့။ တော်တော်ကြာမှ တစ်ခါလောက်ပဲ ပေးပါ။ သူ့ကို စကားသွားပြောတာတွေ၊ အရမ်းဂရုစိုက်တဲ့အသွင်တွေ မပေါ်ပါစေနဲ့။
(၈) လိုင်းပေါ်ကနေအကြာကြီးစကားတွေပြောတာမျိုးမလုပ်ပါနဲ့။ သင့်ကို တကယ်တွေ့ချင်ရင် အပြင်မှာလာတွေ့ပါစေ။
(၉) သူ့ကို Birthday Wish တွေ ပို့တဲ့အခါ၊ ဂုဏ်ပြုစာတွေ ပို့တဲ့အခါ Emoji တွေ အများကြီးမထည့်ပါနဲ့။ တိုတိုနဲ့ ရှင်းရှင်းပဲရေးပြီး Emoji တစ်ခုလောက်ပဲ ထည့်ပါ။ မဟုတ်ရင် သင့်ကို ကလေးဆန်လွန်းပြီး မရင့်ကျက်တဲ့သူလို့ ထင်သွားစေနိုင်ပါတယ်။
(၁၀) သူ့ဘေးနားမှာ အချိန်ပြည့်ရှိနေချင်ရင်တောင် ခြေလှမ်းစတဲ့သူက သင်မဖြစ်ပါစေနဲ့။ သင့်ကို သူတကယ်ချစ်ရင် သင့်ဆီကို သူအရောက်လာမှာပါ။
Credit;Aunty May