Prestige Event မှ ကြီးကျယ် ခမ်းနားလှတဲ့ "Prestige Wedding Showcase 2018" Wedding Fair ကို လာမယ့်
၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့ နှင့် (၆) ရက်နေ့တွေမှာ Yangon Gallery ( ပြည်သူ့ရင်ပြင် ) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ One Stop Service ကို တစ်နေရာထဲတွင် အကုန်ရနိုင်ပါတယ်။
Wedding လောကမှာ နာမည်ကြီးလူအများစုကို စုစည်း၍ ပြသသွားမှာဖြစ်ပြီး ဖက်ရှင်ဒီဇိုင်နာ ၁၂ ယောက်လောက် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရပါတယ်။ ပွဲတွင် ထိုင်မသိမ်း၊ ဆွမ်းကျွေး၊ အရံ ၀တ်စုံများကို ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ဒီဝါထွက်မှာ မင်္ဂလာဆောင်မည့် မင်္ဂလာမောင်နှံများအတွက် ပွဲတွင်ပြသမည့် ၀တ်စုံကိုကြည့်ပြီး ဘယ်ဒီဇိုင်နာနဲ့ချုပ်မယ်ဆိုတာကိုလည်း စဉ်းစားစရာမလိုဘဲ မိမိကြိုက်နှစ်သက်သည့် ဒီဇိုင်နာထံတွင် အပ်နှံနိုင်ပါတယ်။
ပြပွဲတွင် ဘန်ကောက်မှ ဒီဇိုင်းကို အခြေခံပြီး material တွေကို အခြေခံ၍ ပြသသွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တွင် နာမည်ကြီး မိတ်ကပ်၊ ပန်း၊ ခန်းမအပြင်တွေ၊ ၀တ်စုံဒီဇိုင်နာတွေကို တစ်နေရာထဲမှာ စုစည်းပြီး ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။
ပြပွဲအတွင်း Wedding Professionals တွေရဲ့ ၀န်ဆောင်မှု တစ်ခုချင်းစီ သာမက အရမ်းတန်တဲ့ Special Package တွေကိုလည်း ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ Lucky Draw နဲ့ အခြား special program တွေ လည်း ရှိကြောင်း သိရပါတယ်။
ပြပွဲတွင် ပွဲအပ်သည့် မင်္ဂလာမောင်နှံများအတွက် ၅% မှ ၁၅% ကိုလည်း Discount ပေးမည်ဖြစ်ကြောင်း သိရပါတယ်။
ပြပွဲအချိန်ကို နံနက် (၁၀) နာရီမှ ည (၇) နာရီအထိ ပြသရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။
"Prestige Wedding Showcase 2018" ရဲ့ ထူးခြားမှုတွေက ဘာတွေဖြစ်မလဲ ဆိုတာကိုတော့ သြဂုတ်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။