ကမ္ဘာ့ရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့အပတ်ကနှစ်ပေါင်းများစွာအတွင်းအမြင့်ဆုံးကိုရောက်ရှိခဲ့ပြီး နောက် ဆက်လက်ပြီးတော့လည်းမြင့်တက်မှုတွေ
ရှိနိုင်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာကျွမ်းကျင်သူတစ်ဦးက ခန့်မှန်းပြောဆိုလိုက်ပါတယ်။
ရွှေဈေးနှုန်းဟာ ယခုနှစ်ကုန်မတိုင်ခင် ဒေါ်လာ ၂,၀၀၀ အထိ ရောက်ရှိသွားဖို့ရှိနေတယ်ဆိုပြီး
လန်ဒန်အခြေစိုက် Independent Strategy က global strategist ဖြစ်တဲ့ David Roche က ခန့်မှန်းသွားပါတယ်။
Spot gold ရွှေဈေးကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကဒေါ်လာ ၁,၄၂၂ ဒသမ ၈၅ အထိ ရောက်ခဲ့တာဖြစ်ပြီး
ဒါဟာ ခြောက်နှစ်ကျော်တာအတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။
မကြာသေးခင် က အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းလျှော့ချမယ့် အလားအလာမျှော်မှန်း
ချက်တွေ ထွက်ပေါ်လာခဲ့မှု၊ ပထ၀ီ နိုင်ငံရေးဆိုင်ရာ တင်းမာမှု၊ စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့မှုတို့ကြောင့် ရွှေဈေးနှုန်း
တွေဟာ အတက်ဘက်ကို ဦးတည်နေခဲ့တာဖြစ်ပါတယ်။
သို့ပေမယ့် ဇူလိုင် ၈ ရက်မှာ ရွှေဈေးနှုန်းတွေဟာ အနည်းငယ် ပြန်ကျသွားခဲ့တယ်လို့ သိရပါတယ်။
Source-CNBC