မင်္ဂလာပွဲ တစ်ပတ်အလို ဆောင်ရန်၊ ရှောင်ရန်များ
၇ ရက်အလို
- စိတ်ဖိစီးမှုလျော့နည်းရန် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ တိုးမြှင့်လုပ်ကိုင်ပါ။
- ဆံပင်အရောင်ဆိုးခြင်းကို လေဆာရောင်ခြည်အသုံးပြုခြင်း၊ ဆေးထိုးခြင်းကို ဒီရက်အတွင်း မလုပ်သင့်ပါ။
၆ ရက်အလို
- မျက်နှာပေါင်းတင်ထားပါ။
- ဓာတုပစ္စည်းများသုံးခြင်း၊ လေဆာရောင်ခြည်များသုံးခြင်း၊ ဆေးထိုးခြင်းကို ဒီရက်အတွင်း မလုပ်သင့်ပါ။
၅ ရက်အလို
- မျက်နှာချေးချွတ်ခြင်း၊ မျက်နှာချောမွေ့အောင်ပြုလုပ်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
- အငံဓာတ်ပါသော အစားအစာများနှင့် အရက်သေစာများ၊ သကြား၊ ကော်ဖီဓာတ်ပါသော အစားအစာများကို ဒီရက်အတွင်း မလုပ်သင့်ပါ။
၎ ရက်အလို
- စိတ်သောကဖိစီးမှုမဖြစ်အောင် ဂရုစိုက်ပါ။ ဗီတာမင်ဓာတ်ပါသော အစားအစာများ စားသုံးပါ။
- မျက်ခုံးမွှေးများ ဖယ်ရှားတဲ့ Waxing လုပ်ခြင်းကို ဒီရက်အတွင်း မလုပ်သင့်ပါ။
၃ ရက်အလို
- ကိုယ်လက်ထပ်မည့်သူနှင့် ချစ်ခင်နှစ်သက်ဖွယ်စကားများကို ပြောဆိုပြီး စိတ်အေးချမ်းသာစွာ အနားယူပါ။
၂ ရက်အလို
- လက်သည်း၊ ခြေသည်းအလှပြင်ခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်း၊ တစ်ကိုယ်လုံးဆီလိမ်းနှိပ်နယ်အနားယူခြင်းများ ပြုလုပ်ပါ။ စောစောအိပ်ရာဝင်ပါ။
၁ ရက်အလို
- အင်အားဖြစ်စေတဲ့ အစားအစာများ စားသုံးပါ။ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာများနဲ့ သစ်သီးများစားသုံးပါ။ စိတ်ဖိစီးမှုနှင့် စိတ်သောက လုံးဝမဖြစ်ပေါ်စေပါနဲ့။
- စိတ်ကြည်လင်စေရန် မိမိနှစ်သက်သည့် ရေမွှေးကို သုံးပါ။