မင်္ဂလာဆောင်တော့မည်ဟု ဆုံးဖြတ်ပြီးပါက မိမိဖိတ်စာရိုက်နှိပ်မည့်ပုံနှိပ်စက်အကြောင်းသိရှိထားရန်၊
အသုံးဝင်အချက်များနှင့် အလုပ်အပ်မည်ဟု စဉ်းစားထာပါက အစရှိသည့်အချက်များကို သိထားရန် လိုအပ်ပါတယ်။
အသုံးဝင်ရန်အချက်များ
မင်္ဂလာဖိတ်စာပုံနှိပ်မူကြမ်းကို နောက်ဆုံးသဘောတူပုံနှိပ်မှုမပြုမီ မိမိနှင့်အတူ စစ်ဆေးဖို့ အနည်းဆုံး နောက်ထပ် နှစ်ယောက်လောက်ကိုပါ စစ်ဆေးခိုင်းပါ။
သို့မှသာ ကိုယ်မမြင်တဲ့ အမှားတစ်ခုခုကို ၎င်းတို့ထဲက မြင်တွေ့တတ်ပါတယ်။
ဖိတ်စာပုံနှိပ်တဲ့အခါ မိမိဖိတ်ကြားမယ့် လူအရေအတွက်ထက် လိုလိုမယ်မယ် နောက်ထပ် ၅၀ ခန့် ပိုမှာထား သင့်ပါတယ်။
သို့မှသာ ထပ်ပြီး ဖိတ်ကြားလိုတဲ့သူရှိရင် သို့မဟုတ် လိပ်စာမှား၊ နာမည်မှားတာတွေအတွက် ပြန်ပြင်စရာရှိရင် ပြင်လို့ရအောင်ဖြစ်ပါတယ်။
မင်္ဂလာဖိတ်စာကို မင်္ဂလာနေ့ရက်မတိုင်မီ ၂ ပတ်အလိုတွင် ကြိုတင်ဖိတ်ကြားသင့်ပါတယ်။