မင်္ဂလာဆောင် Review လေးပြောပြချင်ပါတယ်
ပုံလေးတွေအောက်မှာကြည့်ပေးပါ..
Receptions ပါ အဝင်ပန်းကုံးကို ခန်းမက အမဘဲ စီစဉ်ပေးတာပါ ရိုးရိုးလေးပါဘဲ လျှောက်လှမ်းပန်းတွေရော အကုန် ပန်းအစစ်တွေသုံးပေးထားပါတယ် ?
ညီမလေး ၃ယောက်ပါ အဝတ်အစားချုပ်တာပါ ၂ပတ် အတွင်းအမြန်ချုပ်ပေးရတဲ့ အန်တီတူး Sein Sein Sint အရမ်းကျေးဇူးတင်ပါတယ်..ကိုယ်ဝတ်မယ့်အဝတ်အစားနဲ့ ကွက်တိလိုက်နေအောင် စက်ပန်းထိုးပေးထားတာပါ..
သူတို့လေးတွေကိုင်ထားတဲ့ ဗန်းလေးတွေနဲ့ အောင်စံပယ်ပန်းကုံးကတော့ May အရမ်းကျေးဇူးတင်ပါတယ် ၁ပတ်အတွင်းရအောင်လုပ်ပေးတဲ့အပြင် အိမ်ထိ လာပို့ လာပြန်ယူပေးပါတယ်..
ပွဲနေ့ မိတ်ကပ် ပါ April Lay အရမ်းအရမ်းကျေးဇူးတင်မိပါတယ် တစ်မိသားစုလုံးကိုလှနေအောင်ပြင်ပေးထားပါတယ် တကယ်မိသားစုလိုပါဘဲ.. ပြင်ချင်ရင်ပြောနော်... �
ဝတ်စုံကတော့ သဇင်နွယ် ကပါ နေရာက မြောက်ဥက္ကလာကပါ ချိတ်ပေးတဲ့အမ Tin Hnaungaye ကျေးဇူးအများကြီးတင်ပါတယ် �
လက်စွပ်နဲ့ ပန်းကုံး တက်ရောက်ချီးမြှင့်ပေးတဲ့ ဦးလေး ဂျင်မီ Kyaw Min Yu နှင့်အန်တီ နီလာသိန်းပါ ကျေးဇူးအထူးတင်ပါသည်... ��
MC အကိုပါ Htet Naing ပါ အရမ်းသဘောကောင်းပါတယ်..ကျေးဇူးလဲအများကြီးတင်ပါတယ်..
အကိုနဲ့ချိတ်ပေးတဲ့ အကို MC Sai Ko ကိုလဲ ညီမလေး ကျေးဇူးတင်ပါတယ် ��
အချိန် ၁နာရီ အပိုယူပြီး ဆက် လုပ်တဲ့ ပွဲပါ ကိတ်မုန့် နဲ့ ရှိန်ပိန်ဖောက်တာပါ မုန့် လေးတွေနဲ့ ရှိန်ပိန်ကတော့ ကိုယ့်ဘာသာ ကိုယ် ဝယ်တာပါ ကိတ်မုန့် နဲ့ ရှိန်ပိန်ခွက်တွေ မုန့်လေးတွေထည့်ပြီး ခန်းမက အမတွေ စီစဉ်ပေးပါတယ်.. အချိန်၁နာရီစာ ထပ်ပေးရပါတယ်..
ဝတ်စုံလေးတွေ ဝယ်တာပါ Fashion & U စမ်းချောင်းကပါ .. FB မှာရှာကြည့်လို့ရပါတယ် ဈေးသက်သာပါတယ်... အရမ်းလဲသဘောကောင်းပါတယ်.. လမ်းညွှန်ပေးတဲ့သူငယ်ချင်း Khine Zin ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် ��
အရမ်းလှကြတယ် တယောက်က မလာဘူး �
မိတ်ကပ် ကို ဒါလေးနဲ့ ပြင်ပေးထားတာပါ ��
ဖိတ်စာလေးပါ မြင်သာကပါ အဆင်ပြေပါတယ်...ရိုးရိုးလေး ဘဲ ကြိုက်လို့ပါ..
အရှေ့မှာ receptions ထိုင်ပေးတဲ့ အချစ်ဆုံးတွေကိုလဲ ကျေးဇူးပါ ��
ဒီလိုပုံလှလှလေးတွေ
ဒီလို လေးတွေ
ဒီလို အလန်းလေးတွေရိုက်ပေးတဲ့ကိုကြီး Nyi Zin တကယ်ကျေးဇူးတင်ပါတယ်.. အရမ်းအလုပ်ရှုပ်နေတဲ့သတိုးသမီး ကို မရရအောင် ပုံတွေရအောင်ရိုက်ပေးတဲ့အပြင် ပုံတွေ နိုင်ငံခြားယူသွားဖို့ အမှီရအောင်လုပ်ပေးလို့လဲ အရမ်းကျေးဇူးတင်ပါတယ် ���
မငြိမ်းရောဘဲ �