- ပန်းကြဲမည့် မိန်းမပျိုအတွက် ငွေဖလားတစ်လုံး
- လက်ထပ်အောင်စံပယ်ပန်းကုံး (၂)ကုံး၊ လင်ဗန်း
- လက်ထပ်လက်စွပ်ထည့်ရန် လင်ဗန်း (သို့) ကလပ်
- စံပယ်ပန်းကုံးကြီး
- လက်စွပ်ပြောင် (၂) ကွင်း (ရက်စွဲပါထည့်ရန်)
- ငွေပန်းနှင့် သပြေ၊ ရွှေပန်းနှင့်သပြေပန်းများကို အ၀င်တွင် ဧည့်သည်ကမ်းရန်အတွက် ၎င်းပစ္စည်းများထည့်ရန်
ငွေဖလား (၂) လုံး သို့မဟုတ် (၄) လုံးထားရန်
- စုလျားရစ်ပတ်အခမ်းအနားပါလျှင် သတို့သား၊ သတို့သမီးအတွက် ထိုင်ဖုံ ၂ ခု၊ လက်တင် ၁ ခု
- ကန်တော့ခံလူကြီးတို့အတွက် ထိုင်ဖုံ ၂ ခု
- ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာနှင့် ပြည့်ရှင်မင်းတို့အား ကန်တော့ရန် ကန်တော့ပန်းများ နေ့စဉ် အလိုက် လိုအပ်ပါတယ်။ အခမ်းအနားမှူးအတွက် သပြေခက်
- စုလျားရစ်ပတ်ပ၀ါဖြူ ၁ ထည်၊ ကလပ် ၁ ခု ပ၀ါတင်ရန်
- ရေစင်သွန်းရန် ငွေကရား ၂ ခု
- ငွေဖလားကြီး ၁လုံး၊ ရေတစ်ဝက်ထည့်၊ ရေစင်သွန်းရန်
- ငွေဖလားကြီး ၁ လုံး၊ ကန်တော့ပန်းထည့်ရန်နှင့် ကန်တော့ပြီး ပန်းထည့်ရန်
- လက်သုတ် ၄ ထည်၊ ကလပ် ၁ ခု၊ ရေစင်သွန်းပြီး အကြီးအကဲနှင့် သတို့သားမောင်နှံသုံးရန်
- ရေမွှေး ၁ ပုလင်း၊ ရေသန့် ၁ ဗူး တို့ လိုအပ်
- ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ၊ မိဆိုင်ဖဆိုင်တို့အတွက် ကန်တော့ပွဲ ၆ ပွဲပေးရန်